Kane မိသားစုတစ်စုက ဂျာမနီမှာရှိတဲ့ မြိုလေးတစ်မြိုက နှစ် ၇၀၀ ကျော်ပြီဖြစ်တဲ့ ရဲတိုက်ကြီးကိုဝယ်ပြီး အဲ့ဒီမှာနေဖို ပြောင်းရွှေ့လာခဲ့ကြတယ်။ အဲဒီကိန်းမိသားစုမှာ Chloe က အစ်မကြီးဖြစ်ပြီး အကြားအမြင်ရတတ်တဲ့ နတ်ဝင်သည်တစ်ယောက်လည်းဖြစ်တယ်။သူတိုတွေ အဲဒီရဲတိုက်ကြီးကို ပြောင်းလာတဲ့အချိန်ကစပြီး Chloe က ထူးဆန်းတဲ့အကြားအမြင်တွေကို ရလာပြီး နောက်ပိုင်းမှာ သူတိုမိသားစု ခြောက်ခြားစရာဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုနဲ့ကြုံလာရတော့တယ်။အဲဒီနောက်တော့ ရဲတိုက်ကြီးရဲ့ မြေအောက်ခန်းကြီးက တကယ်တော့ နှစ်ပေါင်းများစွာ ပုန်းအောင်းနေတဲ့ တစ္ဆေသရဲ၊ မိစ္ဆာကောင်တွေရဲ့ အိမ်ဆိုတာသိလိုက်ရပြီးသရဲခြောက်တာထက်ပိုဆိုးရွားတဲ့ မကောင်းဆိုးဝါးမိစ္ဆာတွေရဲ့လက်ကနေ ဘယ်လိုအသက်ရှင်လျက် လွတ်မြောက်အောင် ကြိုးစားရမလဲဆိုတာကို ထိတ်လန့်ချောက်ချားစရာမျိုးစုံနဲ့ ကြည့်ရမယ့်သရဲကားတစ်ကားပဲဖြစ်ပါတယ်။