ဒီဇာတ်လမ်းလေးကတော့ လက်ရှိခေတ် တောင်အာဖရိကဒေသမှာ Carissa လိုခေါ်တဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ မိသားစုဝတ္တရား၊ ရိုးရာဓလေ့တွေရဲ့ မျှော်မှန်းချက်တွေနဲ့ကိုယ်ပိုင်လွတ်လပ်မှုတွေကြား ဘဝကိုလျှောက်လှမ်းဖိုကြိုးစားတဲ့ coming of age drama တစ်ပုဒ်ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာ လူငယ် အာဖရိကန်လူမျိုးတွေရဲ့ သူတိုရဲ့ရိုးရာယဉ်ကျေးမှုနဲ့ ခေတ်မီနေတဲ့ မျက်မှောက်ခေတ်ကြား ဟန်ချက်ညီအောင်ကြိုးစားတဲ့အခါ ရင်ဆိုင်ရတဲ့အခက်အခဲတွေကိုဖော်ပြထားပြီး တောင်အာဖရိကဒေသရဲ့ အမျိုးသမီးငယ်တွေရဲ့ဘဝ၊ သူတိုရဲ့ ဘဝပေးဒဏ်ခံနိုင်ရည်တွေကို ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။