Demons FHD

Demons

Horror FHD 1985-10-04 6.6 89 Min

၈၀ ခုနှစ်တွေရဲ့ Horror ပရိသတ်တွေကြားမှာ ဒီကားက "Cult Classic" တစ်ကားအဖြစ် ဒီနေ့အထိ ရေပန်းစားနေဆဲဖြစ်တဲ့အနုပညာမြောက်Horror ကားပါ။ ရုပ်ရှင်ရုံမှာသရဲကားကြည့်ကြတဲ့လူတစ်စု ရုပ်ရှင်ထဲက မကောင်းဆိုးဝါးတွေ အပြင်မှာတကယ်ဖြစ်လာတဲ့အခါဘာတွေဆက်ဖြစ်သွားမလဲကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ဇာတ်လမ်းကတော့ ဘာလင်မြို့က "Metropol" ဆိုတဲ့ ရုပ်ရှင်ရုံအသစ်တစ်ခုမှာ လူတစ်စုဟာ လျှို့ဝှက်ဆန်းပြားတဲ့ Horror ကားတစ်ကားကို အခမဲ့ကြည့်ရှုဖို့ဖိတ်ကြားခံရတာကနေစတင်ပါတယ်။ အဲဒီရုပ်ရှင်ထဲမှာ လူငယ်တစ်စုဟာ ရှေးဟောင်းသင်္ချိုင်းတစ်ခုကို သွားရောက်ရင်း "နတ်ဆိုးမျက်နှာဖုံး" တစ်ခုကြောင့် နတ်ဆိုးတွေအဖြစ်ပြောင်းလဲသွားပုံကို ပြသထားတာပါ။ထူးဆန်းတာက ရုပ်ရှင်ရုံအပြင်ဘက်မှာလည်း မိန်းကလေးတစ်ယောက်ဟာ အလှပြထားတဲ့ "မျက်နှာဖုံး" တစ်ခုကို စမ်းတပ်ကြည့်ရင်း ရှမိသွားရာကနေ ရုပ်ရှင်ထဲကအတိုင်းတကယ့်နတ်ဆိုးတစ်ကောင်အဖြစ်ပြောင်းလဲသွားပါတော့တယ်။ အဲဒီနောက်မှာတော့ ရုပ်ရှင်ရုံထဲက ကြည့်ရှုသူတွေဟာ တစ်ယောက်ပြီးတစ်ယောက် ကူးစက်ခံရပြီး သွေးပျက်စရာကောင်းတဲ့မကောင်းဆိုးဝါးတွေ ဖြစ်ကုန်ကြပါတယ်။ထွက်ပေါက်တွေအားလုံး ပိတ်ထားတဲ့ ရုပ်ရှင်ရုံထဲမှာ ကျန်ရှိနေတဲ့သူတွေဟာ ဒီမကောင်းဆိုးဝါးတွေလက်ကနေ လွတ်မြောက်အောင် ဘယ်လိုရုန်းကန်မလဲဆိုတာကို ရင်တထိတ်ထိတ်ကြည့်ရှုရမယ့် ကားကောင်းလေးပါ။