ရမ် ဆတ်တယာနာရာယန က ဟိုက်ဒရာဘတ်မြို့မှာ Anarkaliဆိုတဲ့ ဝိုင် (Wine) ထုတ်လုပ်ရေးလုပ်ငန်းကို ဇနီးဖြစ်သူ ဘာလာမာနီ နဲ့အတူ လုပ်ကိုင်ပါတယ်။ သူတို့ထုတ်တဲ့ဝိုင်ကိုနိုင်ငံတကာဈေးကွက်ရောက်အောင် စပိန်နိုင်ငံက ကုမ္ပဏီတစ်ခုကို တင်ပို့ဖို့ ကြိုးစားပေမယ့် အပယ်ခံလိုက်ရပါတယ်။အဲဒါကြောင့် ရမ် က စပိန်ကို ကိုယ်တိုင်သွားပြီး အဲဒီကုမ္ပဏီရဲ့ MD ဖြစ်သူမာနာဆာ ကို စည်းရုံးဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် စပိန်မှာတင် မထင်မှတ်ထားတဲ့ အလွဲတွေဖြစ်ပြီး မာနာဆာ နဲ့ ရမ် တို့ ကြားမှာ တစ်ညတာ ဇာတ်လမ်းဖြစ်သွားခဲ့ပါတယ်။အလုပ်ကိစ္စတွေ အောင်မြင်ပြီး အိမ်ပြန်ရောက်လာတဲ့အခါမှာတော့မာနာဆာ က ဟိုက်ဒရာဘတ်ကို လိုက်လာပြီး ရမ် ရဲ့ စက်ရုံကို လာစစ်ဆေးပါတော့တယ်။ ဇနီးသည် ဗာလာမာနီ နဲ့အချောင်နှိုက်မိထားတဲ့ မာနာဆာ တို့နှစ်ယောက်ကြားမှာ ရမ် တစ်ယောက် ဘယ်လိုအလွဲတွေနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ......။