The Last Beergin HD

The Last Beergin

Comedy Drama HD 2025-10-01 8.3 92 Min

JC Santos, Cherry Pie Picache နဲ့ Pepe Herrera တို့လို ထိပ်တန်းဖိလစ်ပိုင် သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ Drama ကားကောင်းတစ်ကားပါ။ တစ်ခါတလေမှာ ကိုယ့်ကို အကောင်းဆုံး နားလည်ပေးနိုင်တဲ့သူက ကိုယ်တစ်ခါမှ မမြင်ဖူးတဲ့ လူစိမ်းတစ်ယောက်လည်း ဖြစ်နေနိုင်တယ်" ဆိုတာကို ကုန်စုံဆိုင်လေးတစ်ခုမှာဆုံကြတဲ့သူစိမ်းတွေရဲ့ စကားပြောခန်းတွေကနေတစ်ဆင့်ဖော်ပြထားတယ်။ဇာတ်လမ်းကတော့ ညနှောင်းပိုင်း ဖွင့်ထားတဲ့ ကုန်စုံဆိုင် လေးတစ်ခုထဲမှာ တစ်ယောက်နဲ့တစ်ယောက် မသိကြတဲ့ လူစိမ်း ၅ ယောက် ဆုံမိရာကနေ စတင်ပါတယ်။ သူတို့တစ်ယောက်ချင်းစီမှာမတူညီတဲ့ ဘဝနဲ့ အခက်အခဲကိုယ်စီ ရှိနေကြတာပါ။မိသားစုတာဝန်တွေကို မထမ်းဆောင်ချင်တော့ဘဲ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ အိမ်ထောင်သည် အမျိုးသားတစ်ဦး၊ ဘဝရဲ့ အချိုးအကွေ့တစ်ခုမှာ ဘယ်ကိုဆက်သွားရမလဲဆိုတာဝေခွဲမရဖြစ်နေတဲ့သူ။လေဖြတ်နေတဲ့ ခင်ပွန်းဖြစ်သူကို ပြုစုရင်းနဲ့ ဘဝကို ပင်ပန်းနွမ်းနယ်နေတဲ့ အမျိုးသမီး၊ သာမန်ပြဿနာလေးတွေကိုပဲ အကြီးအကျယ်လုပ်တတ်တဲ့ ချမ်းသာပြီး အလိုလိုက်ခံထားရတဲ့ Sand၊ Sandy ကို တိတ်တခိုးချစ်နေပေမဲ့ သူမရဲ့ မျက်စိထဲမှာ လုံးဝမရှိတဲ့  အိုင်းဆက်ဆိုတဲ့ လူငယ်လေးတစ်ယောက်။ဒီလို မတူညီတဲ့ စရိုက်ရှိသူ ၅ ယောက်ဟာ အဲဒီညမှာပဲ သူတို့ရဲ့ ဘဝအမြင်တွေကို ပြောင်းလဲစေမယ့် ဖြစ်ရပ်တွေ၊ စကားပြောခန်းတွေနဲ့အတူ တစ်ယောက်နဲ့တစ်ယောက်ဘယ်လိုမျိုးအပြန်အလှန် လွှမ်းမိုးသွားမလဲဆိုတာကို ရင်ထဲထိအောင် ရိုက်ပြထားတဲ့ ဒရမ်မာကားကောင်းလေးပါ။