Netflix of Horror အဖြစ်တင်စားကြတဲ့ Shudder ရဲ့ ကားသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အနေနဲ့ ရေဘတ်ကာရိုက်ဟာ ရေးဗားဖီးလ် အလောင်းပြင်ဌာနမှာ အလုပ်သင်အဖြစ် အလုပ်ဝင်နေတာပါ။တစ်ညမှာတော့ ပိုင်ရှင်ဖြစ်သူ ရေမွန်က အရေးပေါ်အလောင်းပြင်ဖို့ရှိလို့ အလုပ်ချိန်မဟုတ်ပဲ သူ့ကိုခေါ်ယူခဲ့ပါတယ်။ အဲ့ဒီညဟာ သူ့အတွက် အိမ်မက်ဆိုးတွေ စတင်ရာညပါပဲ။ တစ်ခါမှမကြုံဖူးခဲ့တဲ့ ထူးခြားဖြစ်စဉ်တွေ၊နိုးထလာတဲ့အလောင်းကောင်တွေ၊ ထိတ်လန့်ခြောက်ခြားဖွယ်ခြောက်လှန့်မှုတွေနဲ့တစ်ညလုံးရုန်းကန်ရင်း ဒီဖြစ်ရပ်ဆိုးတွေရဲ့အဖြေကိုရှာဖွေပြီးလွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်။ 2022 တုန်းက ထွက်ခဲ့တဲ့ indie horror game ဖြစ်တဲ့ The Mortuary Assistant ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ မူရင်းဂိမ်းအငွေ့အသက်မပျောက်အောင် ဖန်တီးထားတာမို့ ဂိမ်းဝါသနာရှင်တွေကြိုက်ကြသလို ဟော်ရာပရိသတ်တွေကြားမှာလည်း ရေပန်းစားခဲ့တဲ့ ဇာတ်ကားပါ။