The Last Princess HD

The Last Princess

Action Drama History HD 2016-08-03 6.7 126 Min

ဂိုဂျုံးဧကရာဇ်ရဲ့ တစ်ဦးတည်းသော သမီးတော်ဖြစ်တဲ့ မင်းသမီး ဒေါ့ဟယ်ဟာ ကိုရီးယားဧကရာဇ်နိုင်ငံတော်ရဲ့ အချစ်တော်မင်းသမီးလေး တစ်ပါး ဖြစ်ပါတယ်။ဒီလိုမျိုး လိုလေသေးမရှိ ပျော်ပျော်ရွှင်ရွှင်နေခဲ့ရတဲ့ မင်းသမီးငယ်လေးဟာ အသက် ၁၃ နှစ်အရွယ်မှာ ဂျပန်ကိုလိုနီစည်းမျဥ်းကြောင့် အမိမြေကို စွန့်ခွာပြီးတိုင်းတပါးနိုင်ငံဖြစ်တဲ့ ဂျပန်ကို ပညာတော်သင်သွားဖို့ အတင်းဖိအားပေး စေလွှတ်ခံခဲ့ရပါတော့တယ်။ နေ့တိုင်းလိုလို အမိမြေကို လွမ်းဆွတ်ရင်း နေထိုင်လာခဲ့တဲ့ မင်းသမီးလေးဟာ တစ်နေ့မှာတော့ ငယ်ချစ်ဦး ဂင်ဂျန်ဟန်နဲ့ ပြန်ဆုံတွေ့ခဲ့ပြီးနောက်ဂင်ဂျန်ဟန်ရဲ့  အကြံပေးမှုအတိုင်း အစ်ကိုတော်ဖြစ်တဲ့  အိမ်ရှေ့စံမင်းသားယောင်းနဲ့အတူ ဂျပန်ကနေ ရှန်ဟိုင်းကို ထွက်ပြေးခိုလှုံဖို့ ကြိုးပမ်းပါတော့တယ် ။ဒီကြိုးပမ်းမှုက အရာထင်သွားပြီး ရန်သူ့မြေကနေ လွတ်မြောက်သွားပြီး မိခင်မြေကို ပြန်ရောက်လာနိုင်မလား ....ကိုရီးယား တော်ဝင်မျိုးနွယ်တွေရဲ့ ဇာတ်သိမ်းက လှပပါ့မလားဆိုတာကိုတော့ ....ရင်ထဲထိစေပြီး လွမ်းမောဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေး ဖြစ်လို့ ကိုယ်တိုင် ခံစားကြည့်လိုက်ပါဦးနော် ..