Fist of Legend HD

Fist of Legend

Action HD 2019-11-17 8.3 77 Min

"Fist of Legend (2019)" ဇာတ်ကားဟာ သိုင်းလောကရဲ့ သူရဲကောင်းတစ်ဦးဖြစ်တဲ့ ချန်ကျန်းရဲ့ အကြောင်းကို ရင်သပ်ရှုမောဖွယ် ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းအစမှာတော့ ချန်ကျန်းဟာ ဂျပန်နိုင်ငံမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ဦးဖြစ်ပြီး တရုတ်ပြည်ရဲ့ အနာဂတ်အတွက် တွေးတောပူပန်နေသူ တစ်ဦးပါ.... ဒါပေမဲ့ သူ့ရဲ့ ဆရာဖြစ်သူဟောယွမ်ကျား ကွယ်လွန်သွားပြီဆိုတဲ့ သတင်းဆိုးကို ကြားလိုက်ရတဲ့အခါမှာတော့ သူဟာ ရှန်ဟိုင်းကို ချက်ချင်းပြန်လာခဲ့ပါတယ်.... ရှန်ဟိုင်းကို ရောက်တဲ့အခါမှာတော့ သူ့ဆရာဟာ တရားမျှတတဲ့ သိုင်းပြိုင်ပွဲမှာ ရှုံးနိမ့်ပြီး သေဆုံးသွားတာ မဟုတ်ဘဲ နောက်ကွယ်မှာ မသင်္ကာစရာ ပရိယာယ်တွေ ရှိနေတာကိုရိပ်မိသွားပါတယ်....ဒီဇာတ်လမ်းမှာ ချန်ကျန်းက သူ့ဆရာအတွက် လက်စားချေဖို့ ကြိုးစားရင်းနဲ့ တစ်ဖက်မှာလည်း ဂျပန်နယ်ချဲ့တွေရဲ့ ဖိနှိပ်မှုကို အံတုပြီး မိမိလူမျိုးရဲ့ ဂုဏ်သိက္ခာကို ကာကွယ်သွားတာကိုတွေ့ရမှာပါ...သိုင်းပညာဆိုတာ သတ်ဖြတ်ဖို့ သက်သက်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ခုခံဖို့နဲ့ တရားမျှတမှုအတွက် အသုံးချရမယ်ဆိုတဲ့ အယူအဆကိုလည်း ချန်ကျန်းက ဒီဇာတ်ကားထဲမှာ ပြသသွားပါတယ်။အက်ရှင်ခန်းတွေက တကယ့်ကို အားရစရာကောင်းသလို၊ ချန်ကျန်းရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေက ကြည့်ရှုသူတွေကို စိတ်လှုပ်ရှားစေမှာပါ...သိုင်းကားဝါသနာအိုးတွေအတွက်တော့ ချန်ကျန်းရဲ့ ဒဏ္ဍာရီလာ လက်သီးချက်တွေကို တစ်ကျော့ပြန် ခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်....