ဝါရင့်တောင်တက်သမားကြီး Um Hong-gil ဟာ အတွေ့အကြုံသစ် တောင်တက်သမားလေး Park Moo-taek နဲ့ ဆုံတွေ့ခဲ့ပါတယ်၊အစပိုင်းမှာတော့ စည်းကမ်းကြီးလွန်းတဲ့ ခေါင်းဆောင်နဲ့ စိတ်အားထက်သန်လွန်းတဲ့ လူငယ်လေးတွေကြား အဖုအထစ်လေးတွေ ရှိခဲ့ပေမဲ့ ဟိမဝန္တာရဲ့ အသက်အန္တရာယ်များလှတဲ့ တောင်ထိပ်တွေကို အတူတူ ကျော်ဖြတ်ရင်း သူတို့ကြားမှာ ညီအစ်ကိုရင်းချာတွေထက်မကတဲ့ သံယောဇဉ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ကမ္ဘာပေါ်က အမြင့်ဆုံးတောင်ထိပ် 16 ခုကိုပါ အတူတက်ကြမယ်လို့ နှစ်ယောက်သား ကတိပေးထားခဲ့ကြပေမဲ့ တစ်နေ့မှာ Um Hong-gilရဲ့ ချော်လဲတုန်းက ရခဲ့တဲ့ ဒဏ်ရာက ပိုပြင်းထန်လာခဲ့ပါတယ်။ အဲဒါကြောင့် အဲဒီကတိကို ဆက်မတည်နိုင်တော့ဘဲ Park Moo-taek တစ်ယောက်တည်းပဲ ဆက်တက်ဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။ဒါပေမဲ့ တောင်တက်သမားတိုင်း ကြောက်ရွံ့ရတဲ့ သဘာဝတရားရဲ့ စိန်ခေါ်မှုတွေဟာ သူတို့ရဲ့ ခရီးစဉ်တစ်ခုလုံးကို အလှည့်အပြောင်းတစ်ခု ဖြစ်လာစေခဲ့ပါတယ်....ဒီဇာတ်ကားဟာ တောင်ထိပ်ကို ရောက်ဖို့ထက် ပိုအရေးကြီးတဲ့ "လူသားချင်းစာနာမှု" နဲ့ "ပေးဆပ်မှု" အကြောင်းကို ရင်နင့်စဖွယ် ပုံဖော်ထားတာဖြစ်ပြီးတော့ တောင်တန်းတွေရဲ့ အလှနဲ့ သူငယ်ချင်းသံယောဇဉ်တွေကို လိုက်ပါခံစားနိုင်မှာဖြစ်လို့ ကြည့်ရတန်စေမဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှုခံစားကြပါဦးလို့ တိုက်တွန်းချင်ပါတယ်။