The Fires HD

The Fires

Thriller HD 2025-09-11 7 105 Min

"The Fires" (2025) ဟာ အိုက်စ်လန်ရဲ့နာမည်ကျော် စာရေးဆရာ Sigríður Hagalín Björnsdóttir ရဲ့  The Fires: A Novel ကိုအခြေခံရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အိုက်စလန်နိုင်ငံရဲ့ Reykjanes ကျွန်းဆွယ်မှာ နှစ်ပေါင်း ၈၀၀ ကြာ ငြိမ်သက်နေခဲ့တဲ့ မီးတောင်တွေ ရုတ်တရက် ပြန်လည်နိုးထလာတဲ့ အခြေအနေကို အခြေခံထားပါတယ်။မီးတောင်ပညာရှင် အန်နာဟာ ဒီဘေးအန္တရာယ်တွေကို ကြိုတင်ခန့်မှန်းနိုင်ဖို့နဲ့ပြည်သူတွေကိုကယ်တင်ဖို့ကြိုးစားရပါတယ်။ဒါပေမယ့်လည်း သူ့ရဲ့သိပ္ပံနည်းကျဆုံးဖြတ်ချက်တွေဟာ ခရီးသွားလုပ်ငန်းနဲ့စီးပွားရေးကိုဦးစားပေးတဲ့ အစိုးရနဲ့ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်လာပါတယ်။ ဒါ့အပြင် သူ့နေရာကိုလိုချင်မက်မောကြတဲ့သူတွေ၊သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို အလုပ်တာဝန်တွေထဲ ဆွဲထည့် တိုက်ခိုက်ဖို့ကြိုးစားရတဲ့သူတွေနဲ့လည်း ရင်ဆိုင်ရဦးမှာပါ။အိုက်စ်လန်ရဲ့လှပပေမဲ့ ကြောက်စရာကောင်းလှတဲ့မီးတောင်မြေပြင်ရှုခင်းတွေကို လက်ရာမြောက်စွာနဲ့တွေ့မြင်ရမှာဖြစ်ပြီးဟောလိဝုဒ် Disaster movies တွေလိုမျိုးပုံကြီးချဲ့တာတွေ မပါဝင်ပဲမီးတောင်ပညာရှင်တွေရဲ့အလုပ်လုပ်ပုံနဲ့ခန့်မှန်းရခက်တဲ့ သဘာ၀တရားကို အသေအချာသုသေသနပြုရိုက်ကူးထားတာဖြစ်တဲ့အတွက် ကိုယ်တိုင်မျက်မြင်ကြုံတွေ့ရတဲ့ ခံစားချက်မျိုးပေးနိုင်မယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။