Ode to My Father HD

Ode to My Father

Drama HD 2014-12-17 7.4 126 Min

၁၉၅၀ ခုနှစ် ကိုးရီးယားစစ်ပွဲကာလအတွင်း ဒေါ့ဆူတို့မိသားစုဟာ အသက်ဘေးကင်းရာကို ထွက်ပြေးကြရင်း ဒေါ့ဆူဖခင်နဲ့ လူချင်းကွဲကွာသွားခဲ့ပါတယ်။ ဖခင်ဖြစ်သူက ဒေါ့ဆူကို ကွဲကွာခါနီးမှာ အဖေ မရှိရင် အိမ်ထောင်ဦးစီးနေရာယူပြီး မိသားစုကို စောင့်ရှောက်ဖို့ အတန်တန်မှာကြားခဲ့ပါတယ် ။ အသက် ၁၀ နှစ်တောင် မပြည့်သေးတဲ့ ဒေါ့ဆူခမျာ အဲဒီအချိန်ကစပြီး သူ့အမေနဲ့ ညီ၊ ညီမတို့ရဲ့ဘဝ သာယာဖြောင့်ဖြူးကောင်းမွန်စေဖို့ သူ့ဘဝကို ပဓနမထားဘဲ စိတ်ရောလူပါ အပင်ပန်းခံကာရုန်းကန်ခဲ့ပါတယ် ။အသက်ဘေးနဲ့အခါခါ ကြုံခဲ့ရရင်တောင် ဒေါ့ဆူက ဖခင်ရဲ့နောက်ဆုံးစကားတစ်ခွန်းနဲ့ ပြန်လည်ရုန်းထခဲ့သူပါ။၁၉၅၀ နှောင်းပိုင်း ကိုးရီးယားစစ်ပွဲအခြေအနေ ၊ စစ်ပွဲပြီး မိသားစုဘဝများနဲ့ စစ်ပွဲမှာ နစ်နာသူတွေကို နိုင်ငံအနေနဲ့ ကူညီထောက်ပံ့ပုံတွေနဲ့အတူ မိသားစုအရေး ရှေ့ထားပြီး ပေးဆပ်ခဲ့တဲ့လူငယ်လေးတစ်ယောက်ရဲ့ဘဝခရီးကို အလှပဆုံးပုံဖော်ထားတဲ့အတွက် ကြည့်ရှူသူပရိသတ်အနေနဲ့ ရသပေါင်းစုံအပြင် အတွေးအမြင်ပါ ရရှိနိုင်မယ့် ကြည့်ရတန်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ။