Howards End HD

Howards End

Drama Romance HD 1992-03-13 6.991 142 Min

E.M. Forster ရဲ့ နာမည်ကြီးဝတ္ထုကို အခြေခံရိုက်ကူးထားပြီး ဗြိတိသျှရုပ်ရှင်လောကရဲ့ အကောင်းဆုံး သမိုင်းနောက်ခံ ဒရမ်မာကားတွေထဲက တစ်ကားဖြစ်ပြီး၊ အော်စကာဆု ၃ ဆုအထိရရှိခဲ့တဲ့ကားပါ မင်းသမီးကြီး Emma Thompson ,Anthony Hopkins, Helena Bonham Carter တို့လို ဝါရင့်သရုပ်ဆောင်တွေရဲ့ အားပြိုင်မှုကို တစ်နေရာတည်းမှာ မြင်တွေ့ရမှာပါ။ဇာတ်လမ်းကတော့ ၂၀ ရာစုအစောပိုင်း အင်္ဂလန်နိုင်ငံရဲ့ လူမှုအဆင့်အတန်း မတူညီတဲ့ မိသားစု ၃ စုကြားက ရှုပ်ထွေးတဲ့ ဆက်ဆံရေးကို ရိုက်ပြထားတာပါ။Schlegel ညီအစ်မ: အနုပညာနဲ့ အသိပညာကို တန်ဖိုးထားတဲ့ အလယ်အလတ်တန်းစား မိသားစု။Wilcox မိသားစု: ချမ်းသာကြွယ်ဝပြီး စီးပွားရေးသမားဆန်တဲ့ အထက်တန်းစား မိသားစု။Leonard Bast: ဆင်းရဲနွမ်းပါးပြီး ဘဝကို ရုန်းကန်နေရတဲ့ အောက်ခြေလူတန်းစား စာရေးလေးတစ်ယောက်။ချမ်းသာတဲ့ Wilcox မိသားစုရဲ့ အိမ်ကြီးဖြစ်တဲ့ "Howards End" ကို အမွေဆက်ခံမယ့်ကိစ္စကနေ စတင်ပြီး ဒီမိသားစုတွေရဲ့ ကံကြမ္မာဟာ အကြောင်းဆုံလာပါတယ်။ အချစ်၊ အမုန်း၊သစ္စာဖောက်မှုနဲ့ လူတန်းစားခွဲခြားမှုတွေကြားမှာ ပစ္စည်းဥစ္စာတွေထက် လူသားချင်း နားလည်စာနာမှုကသာ ဘဝကို ပိုပြီး အဓိပ္ပာယ်ရှိစေတယ်ဆိုတာကို သေချာလေးပြသွားပါတယ်။