ဇာတ်လမ်းလေးကတော့ ပရိသတ်တွေကိုစိတ်ခွန်အားဖြစ်စေမယ့် စက်ရုံအလုပ်သမားလေး လီမင်ချီရဲ့အကြောင်းပါ။ သူ့ကို သူတို့မြို့လေးကလူတွေအားလုံးက လူထူးလူဆန်းလို့ သတ်မှတ်ထားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ခေါင်းထဲမှာ အမြဲတမ်း "ကောင်းကင်ယံမှာပျံသန်းချင်တယ်" ဆိုတဲ့ စိတ်ကူးတစ်ခုတည်းပဲရှိနေလို့ပါ။ တစ်နေ့မှာတော့ သူဟာ သူကိုယ်တိုင်တီထွင်ထားတဲ့ ပျံသန်းရေးကိရိယာကို ကျောမှာပိုးပြီး မီးပုံပျံကြီးပေါ်ကနေ သတ္တိရှိရှိခုန်ချလိုက်ပါတော့တယ်။သူ့ကိုလူတွေကစိတ်ကူးယဉ်သမားလို့ကဲ့ရဲ့ကြပေမယ့် သူ့ရဲ့မိန်းမဖြစ်တဲ့ ယာဖုန်းကတော့ သူ့အပေါ်အပြည့်အဝနားလည်ပေးပြီး တစ်ဖက်တစ်လမ်းကပံ့ပိုးပေးနေပါတယ်။လီမင်ချီက မိသားစုကိုလဲသူ့အတွက်စိတ်မပူပန်စေချင်တဲ့အတွက် သူ့ရဲ့ကောင်းကင်ယံထက်ကအိပ်မက်နဲ့ လက်တွေ့ဘဝကြားမှာ အမြဲတမ်းဗျာများနေရပါတယ်။ အိမ်ထောင်ရေးတာဝန်၊ ပတ်ဝန်းကျင်ရဲ့ဖိအားကြားကနေ လီမင်ချီကသူ့ရဲ့အိပ်မက်ကိုစွန့်လွှတ်မလား ...ဒါမှမဟုတ် အိပ်မက်ကိုပဲဆက်ပြီးအကောင်အထည်ဖော်မလား......ဇာတ်လမ်းရဲ့အဆုံးသတ်မှာတော့ သူ့ရဲ့အများကအဓိပ္ပါယ်မရှိဘူးလို့ထင်တဲ့ အတွေးတွေကိုလက်တွေ့ကျတဲ့အောင်မြင်မှုတစ်ခုဖြစ်အောင် ပြောင်းလဲပစ်နိုင်မလားဆိုတာကိုရင်ခုန်ကြည်နူးဖွယ်ကြည့်ရမှာဖြစ်ပါတယ်