Queen of Coal HD

Queen of Coal

Drama HD 2025-06-12 7.1 94 Min

စပိန်နှင့် အာဂျင်တီးနား ပူးပေါင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာ အာဂျင်တီးနားနိုင်ငံ၊ ပါတာဂိုးနီးယားဒေသက ပထမဆုံး ထရန်စဂျင်ဒါအမျိုးသမီး မိုင်းအလုပ်သမား ကာလီတာရိုဒရီဂွတ်ဇ်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာပါ။၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလက ကျောက်မီးသွေးတွင်းတွေပေါတဲ့ပါတာဂိုးနီးယားဆိုတဲ့မြို့လေးမှာ အမျိုးသမီးတွေ မိုင်းတွင်းထဲ ဝင်ရင် ကံဆိုးပြီး မိုင်းတွင်းပြိုကျတတ်တယ်ဆိုတဲ့ ရှေးရိုးစွဲအယူသီးမှုကြောင့် အမျိုးသမီးတွေကို မိုင်းတွင်းလုပ်သားအဖြစ်လုပ်ကိုင်ခွင့် ပိတ်ထားပါတယ်။ဇာတ်လိုက်ဖြစ်တဲ့ ကာလီတာဟာ သူ့မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ နားလည်မှုလွဲခြင်းတွေကို ခံနေရပေမဲ့ သူ့ရဲ့ ရည်မှန်းချက်ကတော့ ဂုဏ်သိက္ခာရှိတဲ့ကျောက်မီးသွေးမိုင်းတွင်းလုပ်သားတစ်ဦး ဖြစ်လာဖို့ပါပဲ။ သူဟာ ယောက်ျားတွေပဲ ကြီးစိုးနေတဲ့ အဲဒီလောကထဲကို ခက်ခက်ခဲခဲ ဝင်ရောက်ခဲ့ပြီး ပထမဆုံး အမျိုးသမီး မိုင်းလုပ်သားအဖြစ် သူ့ရဲ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရပုံကို ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားပါတယ်။