The Dresden Sun HD

The Dresden Sun

Action Thriller Science Fiction HD 2026-02-06 4.417 129 Min

ဒီတစ်‌ခေါက်တင်ဆက်ပေးမှာကတော့ Sci-fi နဲ့ Action ကို အခြေခံထားတဲ့ Cyberpunk အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။နည်းပညာတွေ အရမ်းကို တိုးတက်နေတဲ့ အနာဂတ်ကာလမှာ အဖိုးတန်လွန်းတဲ့ "C-Ram" လို့ခေါ်တဲ့ စွမ်းအားမြင့်ပစ္စည်းတစ်ခုကိုနည်းပညာ ကုမ္ပဏီကြီး 2ခုက အပြိုင်အဆိုင် ရယူဖို့ကြိုးစားပုံနဲ့ ဇာတ်လမ်းကို အစချီထားပါတယ်။ အဲဒီ "C-Ram" ဆိုတဲ့ပစ္စည်းက လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ နယ်နိမိတ်တွေကို ချိတ်ဆက်ပေးနိုင်တဲ့ အစွမ်းရှိတာကြောင့် လူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ငွေကြေး၊ လူနေမှုဘဝ စတာတွေကို အဘက်ဘက်ကနေ လက်ဝါးကြီးအုပ်ချင်နေတဲ့ ကုမ္ပဏီကြီးတွေအတွက် မျက်စိကျစရာ စွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်လို့နေပါတယ်။အဓိကဇာတ်ဆောင်ကတော့ စိတ်ဒဏ်ရာတွေရှိနေတဲ့ မှောင်ခိုသမား (Heist specialist) တစ်ယောက်ဖြစ်ပြီး သူဟာ ရန်သူတွေကြားထဲကနေ အဲဒီပစ္စည်းကို ရအောင်ယူဖို့ စွန့်စားရတာတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ လူတွေရဲ့စိတ်ကို ထိန်းချုပ်ချယ်လှယ်ဖို့ကြိုးစားနေတဲ့ အကြံအစည်ကပဲ အကောင်အထည်ပေါ်သွားမလား၊ ဘယ်လို အလှည့်အပြောင်းတွေနဲ့အဆုံးသတ်သွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။