Retake HD

Retake

Drama HD 2025-01-18 8.3 110 Min

ဂီတကလပ်ကနေ ပြဿနာတချို့ကြောင့် ထွက်လာခဲ့တဲ့ ယုဆိုတဲ့ကောင်မလေးတစ်ယောက် နွေရာသီကျောင်းပိတ်ရက်မှာ ဇာတ်ကားရိုက်ဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ယုဟာ ဇာတ်ကားရိုက်ဖို့အတွက် လိုအပ်တဲ့ မင်းသား မင်းသမီး ကင်မရာမန်း အကုန်လုံးကို လူလိုက်စုပြီးတော့ သူဖြစ်ချင်တဲ့ ဇာတ်ကားလေးဖြစ်ပေါ်လာဖို့အတွက် ရိုက်ကူးရေးကို စတင်ခဲ့တယ်။ ဒီလိုနဲ့ ဇာတ်ကားဖန်တီးသူတစ်သိုက် တက်တက်ကြွကြွ ပျော်ပျော်ပါးပါးနဲ့ လုပ်ဆောင်နေရင်း ခရီးလမ်းတစ်ဝက်လောက်အရောက်မှာ ယုဟာ ရုတ်တရက်ကြီး ရိုက်ကူးရေးကိုရပ်နားတော့မယ်လို့ ပြောလာတဲ့အခါမှာတော့ ......သူတို့ကြားက ဆက်ဆံရေးတွေ ဘာကြောင့် အဖုအထစ်ဖြစ်သွားရတာလဲ ....ယုကရော ဘာလို့ လက်လျှော့လိုက်ရတာလဲ ......ယုဖြစ်ချင်တဲ့ ရည်မှန်းချက်တွေရော အောင်မြင်သွားနိုင်ပါ့မလားဆိုတာကို လက်တွေ့ဘဝဆန်ဆန် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။