ဒိုင်ယန်းတို့ သူငယ်ချင်းတစ်စုဟာ ထူးခြားဆန်းကြယ်တဲ့နေရာတွေကို လေ့လာဗီဒီယိုရိုက်ကူးတင်ဆက်နေတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ ဘယ်လောက်ပဲကြိုးစားကြိုးစား ပရိသတ်များမလာတဲ့ အခြေအနေမှာ လူကြည့်များလာအောင် ဘယ်လိုလုပ်ရမလဲ အကြံထုတ်ရင်း စွန့်ပစ်ဟိုတယ်ကြီးတစ်ခုကို ရွေးချယ်လိုက်ကြပါတယ်။ အဲ့ဒီဟိုတယ်ကြီးဟာ တစ်ချိန်က ဂန်းစတားတစ်ယောက်ပိုင်ဆိုင်ခဲ့ပြီး အဲ့ဒီထဲမှာဒေါ်လာ သန်းရာချီဝှက်ထားခဲ့တယ်လို့သတင်းထွက်နေတဲ့အပြင် အဲ့ဒီငွေတွေကိုရှာဖို့ ဟိုတယ်ထဲကိုဝင်သွားတဲ့သူတွေဟာလည်း အစအနမတွေ့အောင်ပျောက်ဆုံးသွားတတ်တယ်လို့ ကောလဟာလတွေရှိပါတယ်။ ဒါတွေအားလုံးကို ခပ်ပေါ့ပေါပဲ သဘောထားပြီး ဝင်သွားခဲ့တဲ့ သူတို့အဖွဲ့ဟာ ဟိုတယ်ထဲမှာတော့ ကောလဟာလတွေအတိုင်း မယုံနိုင်စရာကောင်းလောက်အောင် ကြောက်မက်ဖွယ်အန္တရာယ်ပေါင်းစုံနဲ့ရင်ဆိုင်ရပါတော့တယ်။