Best Served Cold HD

Best Served Cold

History Thriller HD 2026-01-03 2 98 Min

ဖိလစ်ပိုင်သူ အလှလေး ဂွဲင်ဟာ သူ့ချစ်သူနဲ့ လက်ထပ်ဖို့ တိုင်ပင်နေကြပါတယ်။ ဒီအချိန်မှာ ဂွဲင်ရဲ့ အချစ်ဆုံးသူငယ်ချင်း မွိုင်က ချီလီကို အလုပ်ကိစ္စနဲ့ ၃လကြာ ရောက်နေပါတယ်။ မွိုင်က လက်ထပ်တော့မယ့် ဂွဲင်ကို Bridal shower လုပ်ပေးချင်တဲ့အတွက် ချီလီကို ဖိတ်လိုက်ပါတယ်။ချီလီမှာ အပျော်ကြီးပျော်နေတဲ့ ဂွဲင်ဟာ ဂျောင်ကွိန်ဆိုတဲ့ လူကို လတ်တလော မျက်စိကျသွားခဲ့ပါတယ်။ ဂျောင်ကွိန်ရဲ့ ပျူငှာပွင့်လင်းတဲ့ စရိုက်ကြောင့် မွိုင်၊ ဂွဲင်နဲ့ဖိလစ်ပိုင်က သူငယ်ချင်းတစ်သိုက်ဟာ သူနဲ့ အဖွဲ့ကျသွားခဲ့ပါတယ်။ ဂျောင်ကွိန်က သူတို့ကို သူ့အသိ အပန်းဖြေစခန်းဆီ အခမဲ့ တည်းခိုနိုင်ကြောင်း ဖိတ်ကြားကို အားလုံးသဘောတူလက်ခံပြီး လိုက်သွားကြပါတယ်။ အပန်းဖြေစခန်းပိုင်ရှင် ဂျော်နိစ်နဲ့ကော်ရာဇွန်တို့က သူတို့ကို ပျူငှာစွာနဲ့ ကြိုဆိုတဲ့အပြင် အစားအသောက်များနဲ့ပါ ပြည့်စုံစွာ ဧည့်ခံကြပါတယ်။ 'လောကမှာ ဘာမှအလကားမရ'ဆိုတဲ့စကားအတိုင်း အခမဲ့တည်းခိုအပန်းဖြေကြသူတွေ ဘယ်လိုစိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်ကြရမှာလဲဆိုတာကတော့...