Katherine Johnson ဟာမွေးကတည်းက သင်္ချာအသိအမြင်နဲ့မွေးလာခဲ့တာပါ။ သင်္ချာနဲ့ပတ်သက်လာရင် သူဟာ Genius ပါပဲ။ သူ့မှာပြစ်ချက်သုံးခုပဲရှိတယ်။၁။ လူမည်းဖြစ်နေတာ၂။ အမျိုးသမီးဖြစ်နေတာ၃။ ၁၉၆၀ ဝန်းကျင်မှာမွေးဖွားလာခဲ့တာဒါတွေအားလုံးက အပြစ်ရယ်လို့မဟုတ်ဘူး။ ပတ်ဝန်းကျင်က အပြစ်တစ်ခုလိုမျိုးဖြစ်အောင် ဥပဒေဆိုတဲ့အရာနဲ့ စိတ်ထဲကိုရိုက်သွင်းထားတာ။ ဒါပေမဲ့ ဒါတွေကြောင့်တော့ Katherine Johnson ကလက်မလျှော့ခဲ့ဘူး။သူ့မှာ မိတ်ဆွေနှစ်ယောက်ရှိတယ်။ အထက်မှာဖော်ပြခဲ့တဲ့ နှစ်ယောက်။သူတို့သုံးယောက်လုံးက NASA မှာ မတူတဲ့ တာဝန်တွေကိုထမ်းဆောင်နေတဲ့လူ။လူမည်းဖြစ်နေလို့ အိမ်သာတောင် နာရီဝက်လောက်သွားပြီးတက်ရတဲ့ အခြေအနေမျိုးဖြစ်နေတဲ့ကာလမလို့ သူတို့သုံးယောက်အတွက် အရာအားလုံးက အဆင်မပြေခဲ့ပါဘူး။သူတို့ သုံးယောက် ဒါတွေကို ဘယ်လိုမျိုး အံတုပြီး သမိုင်းကိုပြောင်းပြန်လှန်ခဲ့လဲဆိုတာကိုကြက်သီးထရလောက်အောင်ကောင်းတဲ့ သရုပ်ဆောင်ကွက်တွေ ရိုက်ကွက်တွေနဲ့ခံစားကြည့်လိုက်ကြပါ။Katherine Johnson အဖြစ်မင်းသမီး Taraji P. HensonDorothy အဖြစ်မင်းသမီး Octavia SpencerMary အဖြစ် မင်းသမီးချောလေး Janelle MonáeNASA အာကာသခေါင်းဆောင်အဖြစ် မင်းသား Kevin Costnerဗိုလ်မှူးကြီး John Glenအဖြစ် မင်းသား Glen PowellVivian အဖြစ် မင်းသမီး Kirsten Dunstအင်ဂျင်နီယာခေါင်းဆောင်အဖြစ် မင်းသား Jim ParsonsJim အဖြစ် မင်းသား Mahershala Ali တို့က အားဖြည့်ထားတာမလို့Cast အနေနဲ့က အပြစ်ပြောစရာကိုမရှိပါဘူး။ ခံစားကြည့်လိုက်ကြပါ။