Friendship love HD

Friendship love

Comedy HD 2025-11-06 3 130 Min

မြေပုံပေါ်မှာ လက်ထောက်လိုက်၊ ထောက်မိတဲ့နိုင်ငံက အကောင်းဆုံးဟင်းလျာကိုချက်ပြုတ်နိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ စားဖိုမှူးဖြစ်ဖို့ ဆန္ဒပြင်းပြသူ ယေဆင်းမ်ကွာရှင်းထားပြီး တအိမ်ထဲမှာ နှစ်ပိုင်းခွဲနေကြတဲ့ မတည့်အတူနေမိဘနှစ်ပါးနဲ့ အတူနေရတဲ့အပြင်မဟုတ်မခံစိတ်ကြောင့် အလုပ်လက်မဲ့လည်း ဖြစ်နေသူပေါ့။ တနေ့ သူဌေးကြီးတယောက်ရဲ့စားသောက်ဆိုင်မှာ စားဖိုမှူးဖြစ်ဖို့အတင်းအဓမ္မကြိုးစားရင်းက သူဌေးကြီး သူ့ကိုလုပ်ဖို့ တာဝန်ပေးတာကစားဖိုမှူးအလုပ်မဟုတ်ဘဲ ဆိုးသွမ်းနေတဲ့ သူ့မြေးမလေးနဲ့ခင်ခင်မင်မင်ပေါင်းသင်းပေးဖို့တဲ့။အဲဒီမြေးမနဲ့ ယေဆင်းမ်တို့မှာ အတိတ်က ရန်စလေးတွေရှိနေပေမဲ့သူဌေးကြီးတာဝန်ပေးတဲ့အလုပ်ကို မငြင်းသာဘဲ ယေဆင်းမ်တစ်ယောက်လက်ခံလိုက်မိတဲ့အခါမှာတော့...။