ဂီလန်က ဆယ်နှစ်တာအတွေ့အကြုံရှိသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဒီအလုပ်ကိုအရူးအမူးဝါသနာပါလွန်းတဲ့အတွက် မစွန့်ခွာနိုင်ပေမယ့် ဖြတ်လျှောက်ဘ၀ကနေ မတက်နိုင်သေးတဲ့သူပါ။အလုပ်အပေါ်စိတ်အားထက်သန်လွန်းတာကြောင့် ဒါရိုက်တာတွေရဲ့ငြိုငြင်မှုကိုခံရပြီးမကြာခဏ ဘလက်လစ်စ်အသွင်းခံရတတ်ပါတယ်။ တစ်နေ့တော့သူဖြတ်လျှောက်အဖြစ်ပါတဲ့ ရုပ်ရှင်ရိုက်ကွင်းမှာ မင်းသားဖြစ်သူကို ပြန်ပေးဆွဲရာကနေ ပြန်ပေးသမားတွေရဲ့မှားယွင်းမှုကြောင့် သူအပါအဝင်ခေါင်းဆောင်မင်းသမီး ဒါရိုက်တာတို့ပါပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။ အဲ့ဒီအချိန်မှာမှရုပ်ရှင်လောကမှာ ဆယ်နှစ်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံဟာ အသုံးဝင်လာမှန်းသူသိလိုက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့အက်ရှင်ကားအတွက် လိုအပ်ရင် ကွန်ဖူးပြေးသင်တာမျိုး၊ ရေသူထီးကားအတွက် ရေငုပ်သင်တာမျိုးလို ဒီအလုပ်သက်တမ်းတစ်လျှောက်သင်ခဲ့ဖူးသမျှပညာပေါင်းစုံကိုအသုံးချပြီး ပြန်ပေးသမားတွေလက်က သူကိုယ်တိုင်နဲ့ သူချစ်ရတဲ့ ရွှေမင်းသမီးကိုကယ်တင်ရတော့မှာဖြစ်လို့ပါပဲ။ အစကနေ အဆုံးထိ သဘာ၀ကျကျဟာသတွေနဲ့ရယ်နေရမယ့်ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကျော်ထိပ်သီးသရုပ်ဆောင်တွေခေါင်းဆောင်ပါဝင်ထားပြီး အက်ရှင်ခန်းတွေလည်းမိုက်တဲ့ဇာတ်ကားပါ။