Murder in the Highland Manor HD

Murder in the Highland Manor

Thriller Mystery HD 2026-03-01 3 90 Min

အမေရိကန်က အထက်တန်းကျောင်းဆရာမတစ်ယောက်ဖြစ်တဲ့ ကိတ် ဟာ တစ်ရက်မှာတော့ စကော့တလန်နိုင်ငံဘက်က အိမ်တွင်းတစ်ဦးချင်း စာသင်ပေးဖို့ အလုပ်ကမ်းလှမ်းမှုတစ်ခု ရခဲ့ပါတယ်။ ကိတ် ဟာ အပြောင်းအလဲဖြစ်ချင်တာကြောင့်ရော၊ ဆုံးပါးသွားတဲ့အမေဖြစ်သူရဲ့ မလုပ်လိုက်ရတဲ့ ကမ္ဘာကြီးကို စူးစမ်းချင်တဲ့ ဆန္ဒကိုပါ လုပ်ချင်တဲ့အတွက် အဲဒီအလုပ်ကို လက်ခံလိုက်ပါတော့တယ်။စကော့တလန်ကိုရောက်လာတဲ့အခါမှာတော့ စာသင်ပေးရမယ့် ကလေးရှိတဲ့အိမ်ကြီးက ခြံကျယ်ဝန်းကျယ်နဲ့ မြင်းစောင်းတွေလည်း ရှိတဲ့အပြင် လုံခြုံရေးစနစ်တွေလည်း အပြည့်ဖြစ်နေတာကြောင့် ထူးဆန်းနေသလို ခံစားရပေမဲ့ ကိတ်တစ်ယောက်ကတော့ အမှုမဲ့ အမှတ်မဲ့ပဲ နေလိုက်ပါတယ်။ ဒီလိုနဲ့ နေလာရင်းကနေ ထူးဆန်းတဲ့လျှို့ဝှက်ချက်တွေကို သိလာရတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ရှုစားကြရမှာပါ။