Without a Doubt HD

Without a Doubt

Drama HD 2025-12-02 8.3 111 Min

ဒီကားကတော့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး လူတစ်ယောက်ရဲ့ ယုံကြည်ခြင်းနဲ့ မိခင်မေတ္တာက ဘယ်လောက်အထိ အစွမ်းထက်သလဲဆိုတာကို ပြထားတဲ့ စိတ်ဓာတ်ကျနေသူတွေ ဒါမှမဟုတ်ဘဝမှာ အခက်အခဲကြီးကြီးမားမား ရင်ဆိုင်နေရသူတွေအတွက် အင်အားရစေမယ့် Faith-based Drama ကားကောင်းတစ်ကားပါ။ဇာတ်လမ်းကတော့ ငယ်ရွယ်တဲ့ ဇနီးသည်တစ်ဦးဖြစ်သလို မိခင်တစ်ဦးလည်းဖြစ်တဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပါ။ သူမဟာ ဒုတိယမြောက် ကိုယ်ဝန်ကို လွယ်ထားရတာ ၂ လပဲရှိသေးချိန်မှာ အလွန်ဆိုးရွားပြီး ကုသရခက်ခဲတဲ့ ရင်သားကင်ဆာ အဆင့် ၄ ဖြစ်နေတယ်ဆိုတာကို သိလိုက်ရပါတယ်။ ဆရာဝန်တွေနဲ့ ပတ်ဝန်းကျင်က သူမရဲ့ အသက်ရှင်ဖို့အတွက် ကိုယ်ဝန်ကို ဖျက်ချဖို့ တိုက်တွန်းကြပေမဲ့၊ သူမကတော့ ဘုရားသခင်ကို အကြွင်းမဲ့ယုံကြည်ပြီး သူရဲ့ရင်သွေးလေးကို အောင်မြင်စွာမွေးဖွားနိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘယ်လိုအခက်အခဲတွေ၊ ဝေဒနာတွေ ကြုံရပါစေ ယုံကြည်ခြင်းရဲ့ အစွမ်းနဲ့ အခွင့်အရေး နည်းပါးတဲ့ ကြားကနေ ဘယ်လိုမျိုး အသက်စွန့်တိုက်ပွဲဝင်သွားမလဲဆိုတာကို  ရိုက်ပြထားတဲ့ဒရမ်မာကားကောင်းလေးပါ။