အထက်တန်းလွှာ မိသားစုတစ်ခုလုံးဟာ သူတို့နေအိမ်မှာပဲ ရက်ရက်စက်စက် အသတ်ခံခဲ့ရပေမဲ့တစ်နှစ်ကျော်ကြာတဲ့အထိကို တရားခံကို မမိသေးတဲ့အတွက် သတင်းထောက်တစ်ယောက်ဖြစ်တဲ့ တာကာနာဟာ ဒီအမှုကို ပြန်လည်ဖော်ထုတ်ဖို့အတွက် ကြိုးစားပါတော့တယ်။ သူဟာ သေဆုံးသွားတဲ့ ဇနီးမောင်နှံရဲ့ မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်တွေကို လိုက်လံမေးမြန်းရင်းနဲ့ ဒီလူသတ်မှုကြီးရဲ့နောက်ကွယ်မှာ လူမှုပတ်ဝန်းကျင်ရဲ့ မနာလိုမှု အတ္တနဲ့ အမှောင်ဖုံးနေတဲ့ လျှို့ဝှက်ချက်တွေကို တစ်စချင်းစီ တွေ့ရှိလာတဲ့အခါမှာတော့ .........တာကာနာတစ်ယောက် ဒီလူသတ်မှုကြီးကို ကြိုးစား ဖော်ထုတ်နိုင်သွားမှာလား ........ဒီနောက်ကွယ်က အမှောင်ဖုံးနေတဲ့ လျှို့ဝှက်ချက်တွေကရော ဘာတွေဖြစ်မလဲ ဆိုတာကို လေးလံတဲ့ခံစားချက်တွေနဲ့အတူ ကြည့်ရှုရမဲ့ Drama/Thriller ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။