စစ်အေးကာလစပ်ကြားမှာ စတာလင်ဟာ ဒုတိယကမ္ဘာစစ်ခေတ်ကာလတုန်းကရှိခဲ့တဲ့ အရာရှိဝင်ဟောင်းတွေ နှစ်ဖက်ချွန်သူလျှိုတွေ အစရှိတဲ့ အရာရှိစစ်မှုထမ်းဟောင်းတွေကိုရှင်းထုတ်နေတာဖြစ်ပါတယ်။ ဒီလိုနဲ့ အထွေထွေအလီလီ သတင်းအမှောင်ချ၊ နိုင်ငံတွင်း ရိုက်ခတ်မှုတွေပြည့်နှက်နေတဲ့ကြားမှာ တကယ် နိုင်ငံ့တာဝန်ကျေပွန်အောင်ထမ်းဆောင်ပြီး သွေးနဲ့ပေးဆပ်ခဲ့ရတဲ့စစ်မှုထမ်းဟောင်းတစ်ယောက်ဟာ သူလျှိုလို့ နောက်တက်လာသူတွေက စွပ်စွဲလို့မတရားခံနေရတဲ့သတင်းကို လက်တွေ့ကျတဲ့လူငယ် ပြည်ထဲရေးတရားလွှတ်တော်ရှေ့နေတစ်ယောက်ဖြစ်တဲ့ကောနက်ဆိုတဲ့ လူငယ်အရာရှိတစ်ယောက်က ရသွားတဲ့အခါ နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ စတာလင်ဆီကို တိုက်ရိုက်သတင်းပို့ဖို့ဖြစ်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ဆိုဗီယက်ကနေ ရုရှားဆိုတာဖြစ်လာဖို့ ဘယ်လိုအာဏာလုဂယောက်ဂယက်တွေလုပ်ကြလဲဆိုတာကိုပါ နိုင်ငံရေးအခင်းအကျင်းအပြည့်နဲ့ ကွက်ကွက်ကွင်းကွင်းရိုက်ကူးထားတာဖြစ်လို့ ရာဇဝင်သမိုင်းတွင်ဇာတ်ကြောင်းတွေကို စိတ်ဝင်စားတဲ့သူတွေအတွက် သုတကော ရသပါပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားလို့ဆိုရမှာပါ။