Prakambanam FHD

Prakambanam

Comedy Horror FHD 2026-01-30 4.5 128 Min

မလေယာလမ်စကားပြော သရဲဟာသရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။အာနာကူလမ်က ကောလိပ်ကျောင်းသား အဆောင်တစ်ခုမှာ သူငယ်ချင်းသုံးယောက်ဖြစ်တဲ့ ဆစ်ဒူ၊ပန်ယာလန်နဲ့ နဲ့ ရှန်ကာရန်တို့ဟာ ပျော်ပျော်ပါးပါးနေထိုင်ကြသူတွေပါ။တစ်နေ့မှာတော့ ဆစ်ဒူရဲ့ အဖွားဆုံးပါးသွားပြီး သူ့အဘိုးရဲ့ဆန္ဒကြောင့် အဖွားရဲ့ အရိုးပြာတွေကို ကာရှီဆိုတဲ့နေရာကို ယူသွားဖို့ဖြစ်လာခဲ့ပါတယ်။ ဆစ်ဒူဟာ အဆောင်သူငယ်ချင်းတွေရှေ့မှာအရိုးပြာအိုးကို ထုတ်ပြဖို့ ရှက်တာကြောင့် အရိုးပြာတွေကို ဘူးလေးတစ်ခုထဲကို ပြောင်းထည့်ပြီး ဝှက်ထားခဲ့ပြီး သူ့သူငယ်ချင်း ပန်ယာလန်က အဲဒီအမှုန့်တွေကို မူးယစ်ဆေးလို့ အထင်မှားရှူမိရာကနေ ပန်ယာလန့်ကိုယ်ထဲကို ဆစ်ဒူရဲ့ စည်းကမ်းကြီးလှတဲ့ အဖွားဝိညာဉ် ပူးကပ်သွားပြီး အဆောင်က ကျောင်းသားတွေကို လိုက်လံဆုံးမတာ၊ စည်းကမ်းထုတ်တာတွေလုပ်လာပါတော့တယ်။