မင်းသား ရာဂျေ့ရှ်မာဒေဗန် ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်ကူးတဲ့ရုပ်ရှင်ဖြစ်ပေမဲ့ တော်တော်လေး အောင်မြင်ခဲ့တဲ့ မာလေယာလမ်စကားပြော ဟာသရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားဟာ ပက်တာဒါလို့ခေါ်တဲ့ ရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ရွာထဲမှာ ပျံ့နှံ့သွားတဲ့ ကောလာဟလတစ်ခုကြောင့် တစ်ရွာလုံး ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီးချာရူဆိုတဲ့မိန်းကလေးနဲ့ ဆုတူးဆိုတဲ့ ခွေးလေးတစ်ကောင်ကို ဝိုင်းအပြစ်တင် ဆွမ်းကြီးလောင်းကြပုံကို ပုံဖော်ပြထားပါတယ်။ ကောလာဟလတစ်ခုကြောင့် လူတွေ ဘယ်လောက်ထိရူးသွပ်နိုင်လဲဆိုတာ ဒီရုပ်ရှင်ထဲမှာမြင်ကြရမှာပါ။