Stork of Hope HD

Stork of Hope

Drama History War HD 2025-01-21 4.5 114 Min

နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ပြသခဲ့တဲ့ ဖြစ်ရပ်မှန်အခြေခံ World War II Drama ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားက ဂျူးညီအစ်ကိုနှစ်ယောက်ရဲ့ ရင်နင့်စရာ စွန့်စားခန်းနဲ့မိသားစုသံယောဇဉ်အကြောင်းကို ရိုက်ပြထားတာပါ။ဒုတိယကမ္ဘာစစ်အတွင်း ဘီလာရုစ်နိုင်ငံ၊ မင့်စ်မြို့ (Minsk) မှာ နေထိုင်တဲ့ ဂျူးညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Ilya နဲ့ Sasha တို့ဟာ နာဇီကျူးကျော်မှုအတွင်းမှာ သူတို့ရဲ့မိဘတွေကိုဆုံးရှုံးလိုက်ရပါတယ်။ သူတို့နှစ်ယောက် ထွက်ပြေးရင်းနဲ့ နာဇီတွေရဲ့ လက်ထဲမှာ ကွဲကွာသွားခဲ့ကြတယ်။ မခွဲခွာခင်မှာ သူတို့မှာ အမှတ်တရအဖြစ် ပါလာတာကတော့ မိသားစုဓာတ်ပုံလေး တစ်ပုံတည်းပါ။ အဲဒီဓာတ်ပုံလေးကို နှစ်ပိုင်းဖြတ်ပြီး တစ်ယောက်တစ်ဝက်စီ သိမ်းထားခဲ့ကြတယ်။အစ်ကိုဖြစ်သူ Ilya ကိုတော့ သတ္တိရှိတဲ့ ဇနီးမောင်နှံနှစ်ဦးက ကယ်တင်ပြီး "Stasik" ဆိုတဲ့နာမည်အသစ်နဲ့ ဝှက်ထားပေးခဲ့ပါတယ်။ နှစ်ပေါင်း ၆၀ ကျော် ကြာသွားပြီးတဲ့နောက်မှာမှ သူတို့နှစ်ယောက် ပြန်ဆုံနိုင်ပါ့မလား? သူတို့ ကိုင်ထားတဲ့ ဓာတ်ပုံနှစ်ခြမ်းကရော ပြန်ဆက်မိပါ့မလား? ဆိုတာကို တကယ်ရှိခဲ့တဲ့ ဂျူးညီအစ်ကိုနှစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ပြထားတဲ့ ကားလေးပါ။