သူနာပြု အီဆွန်းယောင်း (Kang Mal-Geum) ဟာ ဦးနှောက်သေနေတဲ့ ဖခင်ဖြစ်သူကို သူ အလုပ်လုပ်တဲ့ ဆေးရုံမှာပဲ တင်ထားပြီး ပြုစုစောင့်ရှောက်ပေးနေသူဖြစ်ပါတယ်။ တစ်နေ့မှာ ဆရာဝန်ဆီကနေ "ဖခင်ဖြစ်သူက ဒီနေ့ကို ကျော်ဖြတ်နိုင်ဖို့ ခက်လိမ့်မယ်"ဆိုတဲ့ စကားကို ကြားလိုက်ရတဲ့အခါ အဆက်အသွယ်ပြတ်နေတာ ကြာပြီဖြစ်တဲ့ မောင်ဖြစ်သူ အီဟွဲ (Bong Tae-Gyu) ကိုပါ လှမ်းခေါ်လိုက်ပေမဲ့ ဆေးစစ်ချက်အဖြေက အမှားကြီးဖြစ်နေခဲ့ပါတယ်။ တစ်ဖက်မှာလည်း အီဟွဲရဲ့သားလေး ဒုံဟိုအတွက် ဆေးတက္ကသိုလ်ကျောင်းလခကို အရေးတကြီး လိုအပ်နေတာကြောင့် ဆွန်းယောင်းတို့ မောင်နှမက ဖခင် တကယ် မဆုံးပါးသေးခင်မှာပဲ ဈာပနပွဲအတုကို ကြိုတင်ပြုလုပ်ပြီး နာရေးကူငွေတွေ လိမ်ယူဖို့ ကြံစည်ကြတဲ့အခါမှာတော့...လူမသေဘဲ လိမ်လည်ပြုလုပ်တဲ့ ဈာပနပွဲကြီးက ဘယ်လို အဆုံးသတ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။