The Witness ဆိုတဲ့ ဇာတ်ကားဟာ အီရန်နိုင်ငံရဲ့ အမျိုးသမီးဘဝလွတ်လပ်ခွင့်လှုပ်ရှားမှုကို အဓိကထား ရိုက်ကူးထားတာဖြစ်ပြီး အီရန်လူ့အဖွဲ့အစည်းအတွင်းက ဖိနှိပ်မှု၊ တရားမျှတမှု မရှိမှုတွေနဲ့ အဲဒီကြားထဲကနေ ရုန်းကန်နေရတဲ့ လူသားတွေရဲ့ ဇာတ်လမ်းကို ပုံဖော်ထားတဲ့အတွက် ဝေဖန်ရေးသမားတွေကြားမှာ စိတ်ဝင်စားမှု မြင့်မားခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အငြိမ်းစား အကနည်းပြဆရာမ တာလန်ဟာ သူမရဲ့ မွေးစားသမီးတစ်ယောက်ကို အစိုးရ အရာရှိတစ်ဦးက သတ်ဖြတ်လိုက်တာကို မတော်တဆ မျက်မြင်တွေ့ရှိသွားပါတယ်။ ရဲတပ်ဖွဲ့က ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ ငြင်းဆန်တဲ့အခါ တာလန်တစ်ယောက် နိုင်ငံရေးအရ ဖိအားပေးမှုတွေကို လက်ခံပြီး ငြိမ်ခံမလား၊ ဒါမှမဟုတ် တရားမျှတမှုအတွက် သူမရဲ့ ဂုဏ်သိက္ခာနဲ့ အသက်အန္တရာယ်ကိုပါစတေးပြီး တိုက်ပွဲဝင်မလားဆိုတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်ရပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်....