Re/Member: The Last Night HD

Re/Member: The Last Night

Horror HD 2025-09-05 4.8 94 Min

2022 အောက်တိုဘာလက ရုံတင်ပြသခဲ့ပြီး အောင်မြင်မှုရရှိခဲ့သလို Netflix ကိုရောက်ရှိချိန်မှာတော့နိုင်ငံတကာပရိသတ်တွေရဲ့တခဲနက်အားပေးမှုကိုပါ ရရှိခဲ့တဲ့ Karada Sagashi(Re/member)(2022) ရဲ့နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။ ပထမကားရဲ့အောင်မြင်မှုကြောင့် ပရိသတ်တွေအသည်းအသန်မျှော်လင့်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းကိုတော့ပထမကားရဲ့ကျိန်စာဟာအဆုံးမသတ်နိုင်သေးပဲ ဒုတိယအဆင့်ကိုရောက်သွားတာနဲ့ ဆက်ပြီးစတင်ထားပါတယ်။ဒီတစ်ကြိမ်မှာတော့ ကျောင်းသားအုပ်စုအသစ်တစ်စုဟာ အပန်းဖြေဥယျာဉ်ဟောင်းတစ်ခုကိုရောက်သွားပြီး အချိန်စက်ဝိုင်းတစ်ခုတည်းမှာပိတ်မိသွားကြပါတယ်။ သူတို့ကိုအနီရောင်ဝိဉာဉ်သဏ္ဍာန်တစ်ခုက လိုက်လံသတ်ဖြတ်နေပြီးကျိန်စာကနေ လွတ်မြောက်ဖို့ ဒီကစားကွင်းကြီးနားမှာအသတ်ခံခဲ့ရတဲ့ကလေးမလေးတစ်ယောက်ရဲ့အပိုင်းပိုင်းဖြတ်တောက်ခံထားရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုရှာရမှာပါ။တကယ်လို့တစ်ညတာမလွန်မြောက်ခင် အစိတ်အပိုင်းတွေကိုမရှာနိုင်ပဲ အချိန်လွန်သွားရင်၊ ဒါမှမဟုတ် အနီရောင်သဏ္ဍာန်ရဲ့သတ်ဖြတ်မှုကိုခံလိုက်ရရင်သူတို့အားလုံးပြန်နိုးလာတဲ့အခါဒီကျိန်စာသင့်နေတဲ့ နေ့ကိုပဲပြန်ရောက်လာကြမှာဖြစ်ပါတယ်။Time Loop တွေ အသက်နဲ့ရင်းရတဲ့ကစားပွဲတွေနဲ့ Timeline အမျိုးမျိုးကြားမှာ ခေါင်းစားရတာ၊ ရင်ဖိုရတာကြိုက်နှစ်သက်သူတွေ သဘောကျမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။သတ်ခန်းဖြတ်ခန်းတွေကြမ်းပါတယ်။