အယ်လ်ဆီဆိုတဲ့ ပင်စင်စားအမျိုးသမီးအိုတစ်ယောက်ဟာ မြို့ငယ်လေးတစ်မြို့က အိမ်ဟောင်းလေးတစ်ခုမှာ အရိုးထုတ်နေတာ နှစ်ပေါင်း ဆယ်နဲ့ချီပြီဖြစ်ပါတယ်။ တစ်ယောက်တည်းနေတဲ့အလျောက် အသက်ကြီးလာတဲ့အခါ အိမ်မှုကိစ္စတွေကို တစ်ယောက်တည်းလုပ်ကိုင်ဖို့အတွက် အားမာန်မရှိဖြစ်လာပါတယ်။ ဒီလိုနဲ့ အဝေးမှာနေတဲ့သူ့ရဲ့သားကနေ ငှားရမ်းပေးထားတဲ့ အိမ်ခေါ်သူနာပြုတွေကပဲ သူ့ကို တစ်ရက်တစ်ရက် အချိန်ပိုင်းလာစောင့်ရှောက်ရတာပဲဖြစ်ပါတယ်။ အပြင်လူတွေဖြစ်တဲ့အလျောက် ပိုက်ဆံရဖို့ကိုသာ ပဓာနထားပြီး ဝတ်ကျေတန်းကျေအလုပ်တွေလုပ်ပေးကာ အယ်လ်ဆီကို မဆိုသလောက်ပဲ ဂရုပြုပေးပြီး လူနာတစ်ဦးကို၁ နာရီဆိုတဲ့ကြာချိန်ဆိုသလို ၁ နာရီပြည့်ရင်ပြည့် မဟုတ်ရင် တစ်ခါတစ်လေဆိုတောင် မိနစ် ၄၀ လောက်ထဲနဲ့ ချန်ခဲ့ကြတာမျိုးတွေတောင်ရှိပါတယ်။ ဒါမျိုးတွေကို မျက်မြင်ကိုယ်တွေ့ဖြစ်လာတဲ့ အယ်လ်ဆီရဲ့အိမ်နီးချင်းဖြစ်သူ ကောလင်းဟာ မခံမရပ်ဖြစ်ပြီး အယ်လ်ဆီ့ကို သွားသွားကူညီလေ့ရှိပါတယ်။ ဒီလိုနဲ့အချိန်ကြာလာတဲ့အခါမှာ အယ်လ်ဆီဟာ ကောလင်းကို သံယောဇဉ်တွယ်လာပြီး နောက်ပိုင်းမှာ ကောလင်းကိုပဲ သူ့ကိုပြုစုစောင့်ရှောက်ခိုင်းဖို့ သားဖြစ်သူကို တောင်းဆိုလာပါတယ်။ ဒီလိုနဲ့ မျှော်လင့်ချက်ရောင်ခြည်ကုန်ဆုံးခါနီးချိန်ရောက်နေတဲ့ အယ်လ်ဆီနဲ့ တစ်ကိုယ်တည်းအပျိုကြီးကောလင်းတို့နှစ်ယောက် သားအမိသဖွယ်နေထိုင်ကြပုံကို ဒီဇာတ်ကားထဲမှာ ရသအပြည့်နဲ့ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။