Different With Me HD

Different With Me

Romance HD 2023-01-01 4 94 Min

ကာလီဆိုတဲ့ နုပျိုလှပပြီး သတ္တိကောင်းတဲ့ လူမည်းအမျိုးသမီးတစ်ယောက်ဟာ ဘဝမှာ အချစ်ကလွဲရင် အရာအားလုံးပြည့်စုံနေတဲ့ပုံပေါက်နေပါတယ်။ နှစ်ပေါင်းများစွာတွဲခဲ့တဲ့ သူ့ရဲ့ ရည်းစားဟောင်းဖြစ်တဲ့ အက်ရှတန်နဲ့ လမ်းခွဲပြီးတဲ့နောက်မှာ ကာလီဟာ သမီးရည်းစားကိစ္စတွေကို စုံလုံးမေ့ပြီး သူ့ဘဝရဲ့တိုးတက်ရာတိုးတက်ကြောင်းဖြစ်တဲ့အလုပ်ကိုပဲအာရုံစိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ ကာလီဟာ သူ့ရဲ့အလုပ် သူငယချင်းနဲ့ မိသားစုကို အချိန်ပိုပေးဖို့ လုပ်ခဲ့ပေမယ့်လည်း တစ်နေ့မှာ ဂျယ်ရမီဆိုတဲ့အမျိုးသားတစ်ယောက်နဲ့တွေ့ပြီးနောက်အရာအားလုံးပြောင်းလဲသွားသလိုဖြစ်လာပါတယ်။ တကယ်တော့ ဂျယ်ရမီဟာ ကာလီကို သူတို့နှစ်ယောက် ငယ်စဉ် အထက်ကျောင်းအတူတက်ခဲ့ကတည်းက ကြိုက်နေခဲ့တာပါ။ ဒါပေမဲ့ ဂျယ်ရမီဟာ ငယ်စဉ်တုန်းက စွမ်းဆောင်ထားနိုင်ခဲ့တာမရှိတော့ တိတ်တခိုးကြိုက်နေခဲ့ရတဲ့အမျိုးသမီးကို အရွယ်ရောက်အခြေချမှ ပိုးပန်းဖို့ဆုံးဖြတ်ခဲ့တာပါ။ ဖြစ်ချင်တော့ ဂျယ်ရမီဟာ ကာလီ့အရင်ရည်းစားဟောင်းနဲ့ ပြောင်းပြန်ဖြစ်နေပြီး ကာလီမကြိုက်တဲ့အချက်တွေတစ်ခုမှမရှိဘဲ ယောက်ျားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ဥစ္စာဓနပိုင်ဆိုင်မှုကလွဲရင် ကျန်တဲ့သူလိုချင်တဲ့အချက်တွေအကုန်ရှိနေခဲ့သူပါ။ ဒီလိုနဲ့ ကာလီနဲ့ ဂျယ်ရမီ မေတ္တာမျှဖို့ဖြစ်လာတဲ့အချိန်မှာ ကာလီရဲ့ရည်းစားဟောင်းက တစ်ချိန်က သူကြုံးဝါးခဲ့တဲ့ ချမ်းသာအောင်လုပ်မယ်ဆိုတဲ့သံဓိဌာန်ကိုပြည့်စုံအောင်လုပ်နိုင်သွားပြီးတဲ့နောက်မှာ ကာလီ့ကို ပြန်ပြီးဆက်သွယ်လာပါတော့တယ်။ ဒီလိုနဲ့ ကာလီတစ်ယောက် ငွေရွှင်ပြီးချမ်းသာသွားတဲ့ ရည်းစားဟောင်း အက်ရှတန်ကိုပဲရွေးချယ်မလား ရိုးသားကြိုးစားပြီး စိတ်ထားကောင်းတဲ့ ဂျယ်ရမီကိုပဲရွေးချယ်မလားဆိုတာကိုဒီဇာတ်လမ်းထဲမှာ ရသအပြည့်နဲ့ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။