Return of the Living Dead III HD

Return of the Living Dead III

Horror Romance HD 1993-10-01 6.569 97 Min

(ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)ဒီဇာတ်ကားမှာတော့ရှေ့နှစ်ပိုင်းလိုမျိုးဟာသဘက်ကိုလုံး၀မသွားတော့ပဲ Dark Romance ဘက်ကိုဦးတည်ထားပါတယ်။ Curt Reynolds ဆိုတဲ့လူငယ်လေးဟာ စစ်တပ်မှာအလုပ်လုပ်တဲ့သူ့အဖေရဲ့စမ်းသပ်ခန်းထဲခိုးဝင်ရာကနေ Trioxin ဓာတ်ငွေ့ရဲ့အစွမ်းကိုသိသွားပါတယ်။ သူ့ချစ်သူကောင်မလေး ဂျူလီ ဆိုင်ကယ်မတော်တဆမှုနဲ့သေဆုံးခဲ့ချိန်မှာတော့ ဂျူလီမရှိပဲ မနေနိုင်တဲ့သူဟာ ဂျူလီကို အဲ့ဒီဓာတ်ငွေ့နဲ့ပြန်အသက်သွင်းခဲ့မိပါတော့တယ်။ ပြဿနာကတော့ဇွမ်ဘီအဖြစ်အသက်ပြန်ရှင်လာတဲ့ ဂျူလီဟာအသိစိတ်ကျန်နေသေးပြီး သူ့ကိုချစ်တဲ့ခံစားချက်ရှိနေပေမယ့်ဇွမ်ဘီသဘာ၀အရ လူသားဦးနှောက်ကိုစားချင်တဲ့ဆာလောင်မှုကိုမလွန်ဆန်နိုင်တော့တာပါပဲ။ တစ်ဖက်က သူ့ဖခင်ရဲ့အထက်တာဝန်ရှိသူတွေကလည်း ဂျူလီကတစ်ဆင့်ပွားလာတဲ့ ဖုတ်ကောင်တွေနဲ့တစ်ကွ ဂျူလီကိုပါ စမ်းသပ်ခန်းထဲပို့ဖို့အသည်းအသန်မြေလှန်ရှာကြဦးမှာဖြစ်ပါတယ်။ဆာလောင်မှုကိုထိန်းချုပ်ဖို့အတွက်ဂျူလီဟာ သူ့ခန္ဓာကိုယ်ကို ဆူးတွေ သံချွန်တွေနဲ့ထိုးဖောက်ပြီးနာကျင်မှုကတစ်ဆင့် အသိစိတ်ကိုထိန်းချုပ်ဖို့ကြိုးစားပါတယ်။ နောက်ပိုင်းမှာတော့ အဲ့ဒီပုံရိပ်ဟာ  90s horror လောကရဲ့ Iconic အဖြစ်ဆုံးပုံရိပ်တစ်ခုအဖြစ်နာမည်ကျော်လာခဲ့ပါတယ်။ ရုံကိုအကန့်အသတ်နဲ့တင်ခဲ့တာကြောင့် ရုံတင်ဝင်ငွေနည်းခဲ့ပေမယ့်နောက်ပိုင်း Vhs/Dvd အဖြစ်ဖြန့်ချိချိန်မှာတော့ အကြီးအကျယ်ပေါက်ခဲ့တဲ့အတွက် အခုချိန်ထိ ဂန္ဓဝင်ဇာတ်ကားတစ်ကားအဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။