ဒီဇာတ်ကားဟာ Cinema Paradiso ဒါမှမဟုတ် Dead Poets Society လိုမျိုး ဆရာနဲ့တပည့်၊ ကလေးဘဝ အမှတ်တရကားကောင်းတွေကို ကြိုက်နှစ်သက်သူတွေအတွက်မဖြစ်မနေကြည့်သင့်တဲ့ အော်စကာဆုရ ဒါရိုက်တာ Jan Svěrák ရဲ့ ပထမဆုံးလက်ရာပါ..၁၉၄၅-၁၉၄၆ ခုနှစ်၊ ဒုတိယကမ္ဘာစစ်အပြီး ပရာ့ဂ်မြို့ (Prague) ရဲ့ ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုကိုနောက်ခံထားပါတယ်။ အဲဒီက ယောက်ျားလေးသီးသန့် မူလတန်းကျောင်းက အတန်းတစ်တန်းဟာ အရမ်းဆိုးလွန်းလို့ သူတို့ရဲ့ အမျိုးသမီးဆရာမလေးဟာ စိတ်ဓာတ်ကျပြီး ထွက်သွားရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ သူမရဲ့နေရာမှာ အစားထိုးဝင်ရောက်လာတာကတော့စစ်ဝတ်စုံအမြဲဝတ်ထားတဲ့ Igor Hnízdo (Jan Tříska) ဆိုတဲ့ ဆရာအသစ်တစ်ယောက်ပါ။ သူက စည်းကမ်းအရမ်းကြီးပြီး ပြတ်သားသူဖြစ်သလို၊ တစ်ဖက်မှာလည်း သူဟာစစ်ပွဲအတွင်းကသူရဲကောင်းတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတဲ့ ပုံပြင်တွေနဲ့ ကျောင်းသားလေးတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဇာတ်လမ်းကို ၁၀ နှစ်သားအရွယ် ကျောင်းသားလေး Eda ရဲ့အမြင်ကနေတင်ဆက်ထားတာဖြစ်ပြီး... ကလေးဘဝရဲ့ ရိုးသားမှု၊ ဆရာနဲ့တပည့်ကြားက သံယောဇဉ်၊ ပြီးတော့ ကိုယ့်ရဲ့စံပြပုဂ္ဂိုလ် တစ်ယောက်ရဲ့ လူသားဆန်တဲ့ အမှားအယွင်းတွေကိဘယ်လိုနားလည်လက်ခံသွားသလဲဆိုတာကို ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပါ