ဂျောင်ဟိုရဲ့ ရည်းစားဖြစ်သူ ဆူဂျင်းက Illustrator တစ်ယောက်ဖြစ်ပြီး စာအုပ်အတွက်မျက်နှာဖုံး ဆွဲပေးရင်း ဟွန်းဆောင်းဆိုတဲ့ ကဗျာဆရာနဲ့ ခိုးတွဲနေပါတော့တယ်။ဂျောင်ဟိုကို တစ်ဖက်သတ်ကြိုက်နေတဲ့ အင်ဂျူကတော့ ရောဂါဖြစ်နေမှန်း သိလိုက်ရပြီးနောက်မှာ ဂျောင်ဟိုဆီ ခံစားချက်တွေကို ဖွင့်ဟဝန်ခံဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။ဂျောင်ဟိုရဲ့ ရည်းစားဟောင်းဖြစ်သူကတော့ အတိတ်က ဖြစ်ရပ်တစ်ခုကြောင့် ဂျောင်ဟို့အပေါ် အပြစ်ရှိစိတ်ဝင်နေတာကြောင်း လက်ရှိရည်းစားနဲ့ ဆက်ဆံရေးက မရေမရာဖြစ်နေပါတော့တယ်။ဒီလိုနဲ့ တစ်နေ့မှာ ဂျောင်ဟို တစ်ယောက် ရုတ်တရက် ပျောက်ဆုံးသွားတဲ့အခါမှာတော့ ဂျောင်ဟိုနဲ့ပတ်သတ်တဲ့ မိန်းကလေး ၃ ယောက်ရဲ့ ရှုထောင့်၊ အမှတ်တရနဲ့ ခံစားချက်တွေကနေတစ်ဆင့် ဂျောင်ဟိုဆိုတာ ဘယ်လိုလူမျိုးလဲ... ဂျောင်ဟိုက ဘယ်ကိုထွက်သွားခဲ့တာလဲ...ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာပြီး ကိုယ်မြင်နေတဲ့အရာနဲ့ ယုံကြည်ထားတဲ့အရာကြားထဲ မထင်မှတ်ထားတဲ့ အရာတွေ ပေါ်ထွက်လာတဲ့အခါမှာတော့.... အေးအေးငြိမ့်ငြိမ့်လေးနဲ့ ကြည့်ပြီးရင် အတွေးများစွာကျန်ခဲ့မဲ့ ဆန်းသစ်တဲ့ ဇာတ်လမ်းဖြစ်လို့ ကြည့်ရှုခံစားပေးကြပါဦးနော်