(ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)ဖရက်ဒီက ဆေးဘက်ဆိုင်ရာဂိုထောင်တစ်ခုမှာ အခုမှအလုပ်ဝင်ကာစဖြစ်ပါတယ်။ သူ့ကိုအလုပ်အကြောင်းသင်ပေးနေတဲ့ ဝါရင့်ဝန်ထမ်း ဖရန့်ခ်က ဂိုထောင်အောက်ထပ်မှာရှိနေတဲ့ စစ်တပ်ကမှားယွင်းပို့ဆောင်ထားတဲ့အလုံပိတ်အိုးတွေကိုပြရာကနေ မတော်တဆပေါက်ကွဲထွက်သွားပြီး 2-4-5 Trioxin လို့ခေါ်တဲ့ဓာတ်ငွေ့တွေယိုစိမ့်ထွက်လာခဲ့ပြီး ပြဿနာစတင်ပါတော့တယ်။ အဲ့ဒီဓာတ်ငွေ့တွေကြောင့် ဂိုထောင်ထဲက တိရိစ္ဆာန်အသေကောင်တွေ အလောင်းတွေကိုပြန်ပြီး နိုးထလာခဲ့လို့အဲ့ဒီအလောင်းတွေကိုနှိမ်နင်းပြီး ဖျောက်ဖျက်ဖို့လမ်းတစ်ဖက်က မီးသဂြိုလ်စက်မှာသွားရောက်မီးရှို့မိကာမှ မီးခိုးတွေက တစ်ဆင့်မိုးရွာပြီး သင်္ချိုင်းထဲက အလောင်းတွေပါပြန်နိုးထလာပါတော့တယ်။The Return of the Living Dead (1985) ဟာ Horror-Comedy အမျိုးအစားထဲမှာ ခေတ်ကိုပြောင်းလဲစေခဲ့တဲ့ ဂန္ဓဝင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Brains! Brains! လို့အော်တတ်တဲ့ဇွမ်ဘီတွေ၊ လမ်းလျှောက်ရုံတင်မက ပြေးနိုင်၊ စကားပြောနိုင်ခေါင်းကိုပစ်ရုံနဲ့မသေနိုင်တဲ့ ဇွမ်ဘီအမျိုးအစားတွေကိုစတင်မိတ်ဆက်ပေးခဲ့ပြီး၊ CGIမပေါ်ခင်ခေတ်ကဖြစ်တဲ့အတွက်ဇာတ်ကားထဲမှာသုံးသွားတဲ့ Practical Effects တွေဟာ သူ့ခေတ်သူ့အခါမှာ အပြောင်မြောက်ဆုံးအဆန်းသစ်ဆုံးလို့သတ်မှတ်ခံခဲ့ရပြီး အခုချိန်ထိကြောက်စရာကောင်းလောက်အောင် ပီပြင်နေဆဲဆိုတာ တွေ့ကြရပါလိမ့်မယ်။