မနက်ဝေလီဝေလင်းအချိန်မှာပဲ ရက်ရက်စက်စက်သ_တ်ဖြတ်ခံထားရတဲ့ဘုန်းတော်ကြီးရဲ့အလောင်းကို တွေ့ခဲ့လိုက်ရတယ်။ အလောင်းကိုတွေ့တွေ့ချင်း ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားတဲ့ ဘုန်းတော်ကြီးရဲ့ဒရိုင်ဘာ ချာလမ်ကပဲ သက်သေအခိုင်အမာနဲ့တရားခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။သက်သေခိုင်လုံနေတဲ့အပြင် ရှေ့နေခပါမတတ်နိုင်တဲ့အတွက် ချာလမ့်မိသားစု အရူးမီးဝိုင်းဖြစ်နေချိန်မှာပဲ လူငယ်ရှေ့နေ ကရစ်ရှ်နာကအခမဲ့အကျိုးဆောင်ပေးဖို့ ကမ်းလှမ်းရင်း အမှုမှန်ပေါ်ပေါက်ဖို့အရေးလိုက်လံစုံစမ်းတဲ့အခါ ထင်မှတ်မထားတဲ့ အဖြစ်အပျက်တွေနဲ့ထူးခြားတဲ့အရာတွေကို တွေ့လိုက်ရတဲ့အခါမှာတော့...။