ရာနာဂိုဂါက ဇနီးချောချောလေးနဲ့သားလေးတစ်ယောက်ရှိပြီး သာယာတဲ့ အိမ်ထောင်ကိုပိုင်ဆိုင်ထားပါတယ်။ တစ်နေ့မှာတော့သူတို့အိမ်နားကို ထူး ဆန်းတဲ့အိမ်နီးချင်း ဂျာဂရုဆိုတဲ့သူ ပြောင်းလာပါတော့တယ်။ဂျာဂရု က ဟိုအိမ်ရောင်းလိုက် ဒီအိမ်ရောင်းလိုက်နဲ့ရောက်ရာပေါက်ရာနေတဲ့သူပေါ့။ တကယ်တော့ ဂျာဂရု က ရှကီဘဲတစ်ယောက်ပါ။အသောက်အစားမရှိတဲ့ ရာနာဂိုဂါနဲ့ ရှကီဘဲ ဂျာဂရုတို့ ပေါင်းမိကြပါတော့တယ်။ ဂျာဂရုမှာလည်း နူရ်းဆိုတဲ့သမီးလေးတစ်ယောက်ရှိပါတယ်။အရက်တအားကြိုက်တဲ့ ရှကီဘဲဂျာဂရုတစ်ယောက် သူကြိုက်တဲ့အရက်ကြောင့်သူရဲ့ပတ်၀န်းကျင်၊ မိသားစုနဲ့ သူချစ်ရတဲ့သူတွေကို ထိခိုက်လာရတဲ့အခါမှာတော့......။