ခေတ်ရေစီးကြောင်းအရ အင်္ဂလိပ်စာသင်ကျောင်းတွေကိုသာ မိဘတွေက ဦးစားပေးလာကြတဲ့အတွက် ကျောင်းသားဦးရေ တဖြည်းဖြည်း နည်းပါးလာပြီး ပိတ်သိမ်းရတော့မယ့် အန္တရာယ်ကို မာရသီ အလယ်တန်းကျောင်းလေးတစ်ကျောင်းကရင်ဆိုင်နေရပါတော့တယ်။ဒီကျောင်းလေးမှာ ပညာသင်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေကတော့နယ်ပယ်အသီးသီးမှာ ကျရာတာဝန်ကိုထမ်းဆောင်နေကြပြီး တစ်နယ်တစ်ကျေးမှာကိုယ်စီရောက်ရှိနေခဲ့ကြတာပေါ့။ကျောင်းတော်ကြီး ပျောက်ကွယ်မသွားစေဖို့အတွက် တစ်ချိန်က ဒီကျောင်းမှာ ပညာသင်ကြားခဲ့ကြတဲ့ကျောင်းသားဟောင်းတွေ နဲ့ ဆရာ၊ ဆရာမဟောင်းတွေ ပြန်လည်စုစည်းမိကြတဲ့အခါ...။ သူတို့တွေဟာ ကျောင်းတော်ကြီးကို ကယ်တင်ဖို့ကြိုးစားကြရင်း တစ်ဦးနဲ့တစ်ဦးကြားက နက်ရှိုင်းတဲ့ သံယောဇဉ်တွေ၊ ငယ်စဉ်က ပျော်ရွှင်စရာ အမှတ်တရတွေနဲ့ မိခင်ဘာသာစကားရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။သူတို့ရဲ့ စည်းလုံးမှုက ကျောင်းတော်ကြီးကို ဆက်လက်ရှင်သန်ခွင့် ပေးနိုင်ပါ့မလား။ ခေတ်သစ်ပညာရေးစနစ်ကြားမှာ ရိုးရာစာပေကျောင်းလေးက ဘယ်လိုရုန်းကန်မလဲဆိုတာကို.......။