ရေစီးကြောင်းကို ဓားနဲ့ဖြတ်လို့လည်း မပြတ်ဆိုသလို နူးရ်နဲ့ ဂျက်ရှင်တို့ရဲ့ချစ်ခြင်းတရားကလည်း မပြတ်မသားနဲ့ပေါ့။ ဒါပေမဲ့လည်း ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ နှစ်ဦးသဘောတူဆုံးဖြတ်ချက်တွေနဲ့ပြတ်ဆဲလိုက်ကြပါရောလား။ပြတ်လိုက်ပြီးကြပြန်တော့လည်း သူ ဘာတွေလုပ်နေမလဲ၊ အသစ်တယောက် ရနေပြီလားဆိုတဲ့စိတ်တွေကိုယ်စီနဲ့ရှေ့မဆက်ဘဲ ပိတ်မိနေကြပြန်ပါရော။ လန်ဒန်မြို့ကြီးမှာ အလုပ်တာဝန်ကိုယ်စီနဲ့ နူးရ်နဲ့ ဂျက်ရှင်တို့ရဲ့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်အချစ်ခရီးစဉ်လေး ဘယ်မှာအဆုံးသတ်မလဲဆိုတာ ခံစားလိုက်ကြပါဦး။