Dolphin Summer HD

Dolphin Summer

Family Adventure HD 2026-01-08 6 88 Min

Dolphin Tale" ဒါမှမဟုတ် "Free Willy" လိုမျိုး သတ္တဝါလေးတွေနဲ့ လူသားတွေကြားက သံယောဇဉ်ကို အခြေခံထားတဲ့ ကားမျိုးတွေကို ကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့်လက်ရာတစ်ခုပါ။ပင်လယ်ရေပြင်ရဲ့ အလှတရားတွေနဲ့အတူ လူငယ်တွေရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရှုရမယ့် Family/Adventure ဇာတ်ကားလေး ဖြစ်ပါတယ်။ပင်လယ်ပြင်နဲ့ သတ္တဝါလေးတွေကို ချစ်မြတ်နိုးပြီး အနာဂတ်မှာ အဏ္ဏဝါဗေဒပညာရှင် (Marine Biologist) ဖြစ်ချင်တဲ့ ကောင်မလေး Sarah တစ်ယောက်အခွင့်အရေးကောင်းတစ်ခုရရှိခဲ့ပါတယ်။ အဲဒါကတော့ နာမည်ကျော် Abaco Island က ရေနေသတ္တဝါ ဘေးမဲ့ဂေဟာမှာ အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့်ရတာပါပဲ။ဒါပေမဲ့ စိတ်မကောင်းစရာကအဲဒီဘေးမဲ့ဂေဟာဟာ ဘဏ္ဍာရေး အခက်အခဲတွေကြောင့် ပိတ်သိမ်းရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ Sarah ဟာ သူမရဲ့သူငယ်ချင်းတွေ၊ မြို့ခံတွေနဲ့ ပူးပေါင်းပြီး ဒီနေရာလေးကိုကယ်တင်ဖို့ နည်းလမ်းသစ်တစ်ခု ရှာဖွေခဲ့ပါတယ်။ အဲဒါကတော့ 'Dolphin Discovery' လို့ အမည်ရတဲ့ လင်းပိုင်လေးတွေရဲ့ လူသိနည်းတဲ့ ဘဝတွေကို Live-streaming လွှင့်ပြီးတစ်ကမ္ဘာလုံးကို ပြသဖို့ပါပဲ။ သူတို့ရဲ့ ကြိုးစားမှုက ဘေးမဲ့ဂေဟာလေးကို ကယ်တင်နိုင်မလားဆိုတာ ရင်ခုန်ကြည်နူးဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်