အမေရိကန်ခရီးသွားတစ်ယောက်ဟာ ဆီနီဂေါနိုင်ငံ ဒါကာမြို့က ဘတ်စ်ကားတစ်စီးပေါ်မှာနိုးထလာခဲ့ပါတယ်။တကယ်တမ်းမှာ သူဟာ Radisson Blu ဟိုတယ်မှာရောက်ရှိနေရမှာဖြစ်ပြီး အခုတော့ ဒီနေရာကိုဘယ်လိုရောက်လာခဲ့လဲ လုံး၀မသိသလိုသူ့ရင်ဘတ်ပေါ်မှာလည်းဗုံးတွေတပ်ဆင်ခံထားရပါသေးတယ်။ကားပေါ်ကအမျိုးသမီးတစ်ယောက်က သူ့ကိုနားကျပ်နဲ့ဖုန်းတစ်လုံးပေးလာတဲ့အတွက် ကောက်ကိုင်လိုက်ချိန်မှာ ဖုန်းထဲက အသံရှင်က သူ့ကိုတောက်လျှောက်အမိန့်ပေးပါတော့တယ်။အဓိက အချက်ကတော့ အသက်မသေချင်ရင် သူခိုင်းတဲ့အတိုင်းတသဝေမတိမ်းလုပ်ဆောင်ပေးဖို့ပါပဲ။ ဒီပုဂ္ဂိုလ်ဟာ ဘယ်သူလဲ?သူ့အပေါ်ဘယ်လိုအငြိုးအတေးတွေကြောင့် အခုလိုခြိမ်းခြောက်အကျပ်ကိုင်ရတာလဲ? သူ့ကိုအတင်းအကျပ်စေခိုင်းမယ့်အလုပ်တွေက ဘယ်လိုအလုပ်မျိုးတွေဖြစ်မလဲ?။ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။