Unknown Origins HD

Unknown Origins

Drama Thriller HD 2020-08-28 6.237 97 Min

စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ထူးဆန်းတဲ့လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ လူသတ်မှုတွေရဲ့ ထူးခြားချက်က လူသတ်သမားက သူ့ရဲ့ သားကောင်တွေကို စူပါဟီးရိုး ကာတွန်းစာအုပ်တွေရဲ့ ပထမဆုံးထွက်ခဲ့တဲ့ မူရင်းဇာတ်လမ်းအတိုင်း ပုံဖော်သတ်ဖြတ်သွားတာပါ။ ဒီအမှုတွေကို ကိုင်တွယ်ရတဲ့ စုံထောက်ဒေးဗစ်က ကာတွန်းစာအုပ်လောကအကြောင်း လုံးဝမသိတာကြောင့် အငြိမ်းစားယူသွားတဲ့ စုံထောက်ကော့စ်မဲ ရဲ့ သားဖြစ်သူ ကာတွန်းစာအုပ်ဆိုင်ပိုင်ရှင် ဟော်ဟေး ရဲ့ အကူအညီကို ယူရပါတော့တယ်။ စရိုက်လုံးဝမတူတဲ့ စုံထောက်နဲ့ စာအုပ်ဆိုင်ပိုင်ရှင်တို့ကြားက ပွတ်တိုက်မှုတွေကလည်း ဇာတ်လမ်းကို ဆွဲဆောင်သလို ထူးဆန်းတဲ့လူသတ်သမားရဲ့ လျှို့ဝှက်မှုတွေကြောင့်လည်း ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်း‌လေးတစ်ပုဒ်ဖြစ်ပါတယ်။