My Boss, My Teacher HD

My Boss, My Teacher

Action Comedy Crime HD 2006-01-19 5.25 124 Min

ဒီကားကတော့ ပထမကား My Boss,My Hero (2001) ရဲ့ အဆက်ဖြစ်ပါတယ်။ပထမကားက သရုပ်ဆောင်တွေပဲ ပြန်ပါလာတာမို့ ပထမကားလိုပဲအချိတ်အဆက်မိမိ ရယ်ရတဲ့ဇာတ်ကားဖြစ်ပါတယ်။ပထမကားမှာတော့ လူမိုက်ခေါင်းဆောင် ဂယ်ဒူရှစ် တစ်ယောက် အထက်တန်းကျောင်းကို ပြန်တက်ပြီးအောင်လက်မှတ်ရရှိခဲ့ပေမယ့် သူ့ဆရာ လူမိုက်ဂိုဏ်းချုပ်ကြီးကတော့ တင်းတိမ်ခြင်းမရှိသေးပါဘူး။သူ့တပည့်ကျော် ဂယ်ဒူရှစ်အနေနဲ့ အဆင့်မီလူမိုက်ဖြစ်ဖို့ကျောင်းပညာရေးဆက်သင်ရဦးမယ်ယူဆပြီး ကျောင်းကိုထပ်လွှတ်လိုက်ပါပြီ...ဒီတစ်ခါတော့ ကျောင်းသားမဟုတ်တော့ပါဘူး...ကျောင်းဆရာအနေနဲ့ပါ။လူမိုက်ခေါင်းဆောင် ဂယ်ဒူရှစ် တစ်ဖြစ်လဲ ကျောင်းဆရာ ဂယ်ဒူရှစ်နဲ့ သူ့ရဲ့တပည့်ကျော်ခေါင်းကြီးတို့တွေကျောင်းမှာ ဘယ်လိုတွေချကြဦးမလဲဆိုတာ ဆက်လက် ရှုစားလိုက်ကြပါဦးနော်