Me No Pause Me Play HD

Me No Pause Me Play

Drama HD 2025-11-28 8.3 140 Min

အရွယ်သုံးပါးမှာ တတိယအရွယ်ကို ရောက်စပြုနေခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့လောကဓံကို ပြန်လည်အံတုလို့ ရင်ဆိုင်အနိုင်ယူပုံကို ရိုက်ကူးပုံဖော်ထားတဲ့ဟင်ဒီရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။သွေးဆုံးနေတဲ့အပြင် ဂရုစိုက်ဖေးမမယ့်သူ တဦးတယောက်မှမရှိရတဲ့ထဲအတ္တကိုရှေ့တန်းတင်ပြီး ဒေါသကြီးတဲ့ခင်ပွန်းသည် ရာဂျက်ရဲ့ ဒုက္ခတွေကိုပါ ခါးစည်းခံနေရတဲ့ ဒေါ်လီ။တနေ့တော့ ဒေါ်လီတစ်ယောက် အထူးကြပ်မတ်ကုသဆောင်ဆီ ရောက်သွားပါတော့တယ်။ဒေါ်လီတစ်ယောက် ေသမလား ရှင်မလားတိုက်ပွဲဝင်နေရချိန် အတ္တသမားရာဂျက်မှာ အရင်ကသူပြုခဲ့တဲ့လုပ်ရပ်တွေကြောင့် အနားမှာ ကူညီပေးမယ့်သူမရှိ။ဒီမှာပဲ ဒေါ်လီတစ်ယောက် သူ့အတိတ်က ဒုက္ခသုခတွေကို တွေးတောဆင်ခြင်ရင်းဘယ်လိုအင်အားတွေနဲ့ မားမားမတ်မတ်ရှင်သန်ရပ်တည်သွားမလဲဆိုတာ...။