(ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)Return To House On Haunted Hill 2007 ဟာ ၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ House on Haunted Hill ရဲ့တိုက်ရိုက်အဆက်ဖြစ်ပြီး ပထမကားလိုပဲ ကြောက်စရာ ဗန်နာကတ်စိတ်ကျန်းမာရေးဆေးရုံကြီးကိုအခြေခံထားတာပါ။ပထမဇာတ်ကားမှာ အိမ်ကြီးဆီကလွတ်မြောက်ခဲ့သူ အနည်းငယ်ထဲက တစ်ယောက်ဖြစ်တဲ့ ဆာရာဝုဖ် သေဆုံးသွားတဲ့နောက်ညီမဖြစ်သူ အေရီယယ်ဝုဖ်ဟာဆာရာ့သေဆုံးမှုနဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တွေကိုစုံစမ်းဖို့ကြိုးစားပါတယ်။ အဲ့ဒီအချိန်မှာပဲရှေးဟောင်းပစ္စည်းရှာဖွေသူတစ်စုက ဆေးရုံဟောင်းကြီးထဲမှာရှိနေတဲ့ ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိတဲ့ဘာဖိုမက် ရုပ်တုကိုရှာဖို့အတွက် အေရီယယ်ကိုဖမ်းခေါ်သွားကြပါတော့တယ်။ သူတို့တွေဆေးရုံထဲကိုရောက်သွားတဲ့အချိန်မှာတော့ အိမ်ကြီးမှာတပ်ဆင်ထားတဲ့ စက်ယန္တရားတွေ၊ အိမ်ကြီးရဲ့ကျိန်စာတွေ ခြောက်ခြားစရာဝိဉာဉ်တွေကြားမှာ အားလုံးပိတ်မိသွားပြီးအသက်ရှင်ရုန်းကန်ဖို့ကြိုးစားကြပုံတွေကိုရှုစားရမှာဖြစ်ပါတယ်။ ပထမကားကိုမမှီကြဘူးလို့ လူတွေပြောကြပေမယ့် ဟော်ရာအငွေ့အသက်တော့ အပြည့်အ၀ပေးစွမ်းနိုင်တဲ့ဇာတ်ကားပဲဖြစ်ပြီး သွေးထွက်သံယိုခန်းတွေပိုများသလို CGIတွေလည်းပိုပီပြင်လာပါတယ်။ အထူးသဖြင့် အိမ်ကြီးထဲမှာ ကျိန်စာသင့်နေတဲ့တစ္ဆေတွေနဲ့ပိတ်မိတယ်ဆိုတဲ့ ဇာတ်နောက်ခံကြောင့် Thirteen ghostsတုန်းကလိုခံစားချက်မျိုးပြန်ပေးနိုင်ပါတယ်။