အောင်မြင်နေတဲ့ အိမ်ခြံမြေအကျိုးဆောင်မကြီး ဂျီနာတစ်ယောက်မထင်ရင် မထင်သလို ရိုက်နှက်အနိုင်ကျင့်လေ့ရှိတဲ့ ရည်းစားဒေးဗစ်ကို စားရမှာလည်း သဲနှင့်ရှပ်ရှပ်ပစ်ရမှာလည်း အဆီနှင့်ဝင်းဝင်းစိတ်နဲ့ မခွဲနိုင်မခွာရက် ဖြစ်နေခဲ့တာပေါ့။တရက်မှာတော့ သည်းခံနိုင်တဲ့ အတိုင်းအတာကျော်သွားပြီး ဒေးဗစ်ကိုအိမ်ပေါ်ကမောင်းချလိုက်ပြီးချိန် အနားရောက်လာပြီး ကြင်နာဖေးကူသူကအိမ်ခြံမြေတွေကို ဝါသနာအရဝယ်လေ့ရှိတဲ့ သူဌေးလေး ရီနယ်ဒို။ရီနယ်ဒိုရဲ့ ပြုစုယုယမှုတွေမှာ သာယာပျော်ရွှင်နေခဲ့တဲ့ ဂျီနာတစ်ယောက်သူငယ်ချင်းဖြစ်သူ စုံထောက်မကြောင့် ထင်မှတ်မထားတာတွေသိမြင်ကြုံတွေ့လိုက်ရတဲ့အခါမှာတော့...။