Sri Chidambaram Garu FHD

Sri Chidambaram Garu

Drama FHD 2026-02-06 8.3 130 Min

ဆော်လမွန် က မွေးရာပါ မျက်စိစွေတဲ့ ဝေဒနာ ခံစားနေရသူပါ။ ဒီချို့ယွင်းချက်ကြောင့်ပဲ ရွာကလူတွေက သူ့ကို ချီဒမ်ဘာရမ်(စွေနေသူ) လို့ လှောင်ပြောင် ခေါ်ဝေါ်ကြတာပေါ့။ဆော်လမွန်ရဲ့အဖေကအလုပ်အကိုင်အဆင်မပြေဖြစ်လို့ အကြွေးတွေဝိုင်းပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါတယ်။အဖေမရှိတော့တဲ့နောက်ပိုင်း‌ ဆော်လမွန်တစ်ယောက် အမေဖြစ်သူကို ဆောက်လုပ်ရေးအလုပ်လုပ်ကာ ရှာဖွေ‌ကျွေးမွေးပြီး‌ တစ်ဖက်မှာလည်း အကြွေးတွေပင်လယ်ဝိုင်းနေခဲ့တာပေါ့။ မွေးရာပါအားနည်းချက်ကြောင့် သူက လူကြားထဲသွားရင် အမြဲတမ်း နေကာမျက်မှန် အမည်းကြီး တပ်ထားတတ်သူပါ။ ဘာကြောင့်လို့လဲဆိုတော့ သူတစ်ပါးရဲ့ အကြည့်တွေထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့စိတ်က သူ့ကို ပိုပြီး နာကျင်စေလို့ပါပဲ။ဒါပေမဲ့ လီလာ ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ မှောင်မိုက်နေတဲ့ ကမ္ဘာလေးထဲကို အလင်းရောင်တွေ စတင်ဝင်ရောက်လာပါတယ်။ လီလာက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာထက် စိတ်နှလုံးသားကို မြင်အောင်ကြည့်ပေးနိုင်သူပါ။ဆော်လမွန်တစ်ယောက် သူ့ကိုနားလည်ပေးနိုင်တဲ့ မိန်းကလေးနဲ့ဆုံတွေ့တဲ့အခါမှာတော့.......။