April May '99 HD

April May '99

Drama HD 2025-05-23 10 126 Min

ကရွတ်ရှ်နာ၊ ပရာဆတ်နဲ့ ဆစ်ဒေ့ရှ်တို့ သူငယ်ချင်းသုံးယောက်က နွေရာသီကျောင်းပိတ်ရက်မှာအပီအပြင်ကဲဖို့ အစီအစဉ်တွေ ကြိုဆွဲနေခဲ့ကြတာပေါ့။ဒါပေမဲ့ မိဘဖြစ်သူတွေက မွမ်ဘိုင်းမှာ အင်္ဂလိပ်စာသင်တန်းသွားတက်ဖို့ရာတချက်လွှတ်အမိန့်ထုတ်ထားတော့ ကြံရာမရဖြစ်နေကြပါရော။မွမ်ဘိုင်းကို မသွားရဖို့အရေး အသည်းအသန်ကြိုးစားနေကြတုန်းမှာဇိုင်းဆိုတဲ့ သူတို့နဲ့ရွယ်တူ မြို့သူလေးတစ်ယောက် သူတို့ဆီ အလည်ရောက်လာပါရော။မွမ်ဘိုင်းမသွားရဖို့ အင်္ဂလိပ်လိုမွှတ်နေတဲ့ ဇိုင်းဆီမှာပဲ အင်္ဂလိပ်စာသင်ဖို့အရေးမျောက်လောင်းသုံးကောင် ကြိုးစားကြတဲ့အခါမှာတော့...။